ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
၂ တိ 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။ Common Language Bible မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။- Garrad Bible သို့ မှ ထို သူ တို့ သည် ဘု ရား သ ခင့် အ ခွင့် တော် နှင့် နောင် တ ရ၍ သ မ္မာ တ ရား တော် ကို ဝန် ခံ သ ဖြင့် မာရ် နတ် ကျော့ ကွင်း မှ လွတ် မြောက် လျက်၊ အ လို တော် အ တိုင်း ကောင်း သော သ တိ နှင့် လိုက် နာ ကောင်း လိုက် နာ ကြ လိမ့် မည်။ Judson Bible ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
ယေရှုက “အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းချိန်နီးပြီ။ သင်တို့၏အပြစ်များအတွက် နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
လူတို့၏သက်သေကို ငါမလိုအပ်သော်လည်း သင်တို့ကယ်တင်ခြင်းရရန် ဤစကားကို ငါပြောရ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။
ထိုအမျိုးသမီးတို့သည် အခြားသောသွန်သင်မှုများကို အစဉ်အမြဲခံယူသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ နားမလည်ကြ။
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
ခရစ်တော်ကို သင်တို့၏ စိတ်နှလုံးထဲ၌ သခင်အဖြစ် ရိုသေကိုင်းရှိုင်းကြလော့။ တစ်စုံတစ်ယောက်သည် သင်တို့၏မျှော်လင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းလျှင် ထိုသူအား ရှင်းလင်းဖြေဆိုရန် အမြဲအသင့်ရှိကြလော့။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။