ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
၂ တိ 2:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုများသည် ခိုက်ရန်ကိုသာ ဖြစ်ပွားစေကြောင်း သင်သိသဖြင့် ရှောင်ကြဉ်လော့။ Common Language Bible သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။- Garrad Bible ပ ညာ ကင်း၍ မိုက် မဲ စွာ စော ဒ နာ ချက် များ ကို ကား ခိုက် ရန် ဖြစ် စေ တတ် ကြောင်း သိ လျက် ပယ် ရှား လော့။ Judson Bible မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။- မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။ |
ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
သင်သည် ဘုရားတရားမဲ့သော၊ ယုတ္တိမရှိသောဒဏ္ဍာရီများကို ရှောင်ကြဉ်၍ ဘုရားတရားကိုင်းရှိုင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်လော့။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။
ဘုရားတရားမဲ့သော စကားကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် လူတို့အား ဘုရားတရားနှင့် ပို၍ ဝေးကွာစေသောကြောင့်ဖြစ်၏။
မိုက်မဲသောငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်ပေးခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ စကားများခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အကျိုးမရှိ။ အသုံးလည်းမဝင်သောကြောင့် ဖြစ်၏။
မည်သည့်အကြောင်းကြောင့် သင်တို့ထဲတွင် စစ်ပွဲများနှင့် ရန်ပွဲများဖြစ်ကြသနည်း။ သင်တို့ကိုယ်ခန္ဓာထဲ၌ ဆန့်ကျင်တိုက်ခိုက်နေသော အပျော်အပါးလိုက်စားလိုသည့်ဆန္ဒများကြောင့် ဖြစ်ကြသည်မဟုတ်လော။