သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
၂ ကော 9:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။ Common Language Bible သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။- Judson Bible အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့၏စေတနာစိတ်ကို ငါသိ၏။ ထိုစေတနာစိတ်အတွက် ငါသည် မာကေဒေါနိပြည်သားတို့အား “အခါယပြည်သည် လွန်ခဲ့သောနှစ်ကတည်းကပင် အသင့်ပြင်ဆင်ထားပြီ”ဟု သင်တို့အကြောင်းကိုဝါကြွားထား၏။ ထိုအခါ သင်တို့၏စိတ်အားထက်သန်မှုသည် များစွာသောသူတို့ကို နှိုးဆော်ပေး၏။ |
သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သောသူများက မိမိတို့၏ငွေများကို ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများထဲမှ ဆင်းရဲသောသူတို့အား စေတနာထက်သန်စွာ လှူဒါန်းလိုသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သတေဖနာနှင့် သူ၏ အိမ်သူအိမ်သားတို့သည် ဂရိပြည်တွင် ပထမဆုံး ယုံကြည်သက်ဝင်လာကြသောသူများဖြစ်ပြီး ယုံကြည်သူများကို အစေခံရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့အတွက် ကျွန်ုပ် အကောင်းဆုံး အကြံပေးမည်။ လွန်ခဲ့သောနှစ်က သင်တို့သည် ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိခဲ့ကြ၏။
သို့ဖြစ်၍ သင်တို့အစပြုခဲ့သည့်အရာကို ပြီးမြောက်အောင် ဆောင်ရွက်ကြလော့။ ဆောင်ရွက်ရန် ဆန္ဒပြင်းပြခဲ့ကြသကဲ့သို့ ဆောင်ရွက်ရာတွင်လည်း စေတနာစိတ်ရှိကြလော့။ သင်တို့တတ်နိုင်သမျှကို လှူဒါန်းကြလော့။
ထို့ပြင် ကျွန်ုပ်တို့ကောက်ခံဆောင်ရွက်နေသော အလှူငွေကို သယ်ယူပို့ဆောင်ပေးသည့်အမှု၌ ကျွန်ုပ်တို့နှင့်အတူ ခရီးပြုရန် အသင်းတော်များ၏ ရွေးချယ်ခန့်ထားခြင်းခံရသူလည်း ဖြစ်၏။ ဤအလှူငွေကောက်သည့်အမှုမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ကျွန်ုပ်တို့၏ စေတနာစိတ်ကို ပြရန်ဖြစ်၏။
ထို့ကြောင့် သင်တို့၏ ချစ်ခြင်းမေတ္တာကို သူတို့အား ပြ၍ သင်တို့အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသောအရာများကို အသင်းတော်များ ရှေ့၌ သက်သေပြကြလော့။
ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် မာကေဒေါနိပြည်၌သာမက အခါယပြည်တွင် ရှိကြသော ယုံကြည်သူအားလုံးအတွက် စံနမူနာဖြစ်ကြ၏။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။