၂ ကော 9:2 - Common Language Bible2 သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။- အခန်းကိုကြည့်ပါ။Judson Bible2 အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အကြောင်းမူကား သင်တို့၏စေတနာစိတ်ကို ငါသိ၏။ ထိုစေတနာစိတ်အတွက် ငါသည် မာကေဒေါနိပြည်သားတို့အား “အခါယပြည်သည် လွန်ခဲ့သောနှစ်ကတည်းကပင် အသင့်ပြင်ဆင်ထားပြီ”ဟု သင်တို့အကြောင်းကိုဝါကြွားထား၏။ ထိုအခါ သင်တို့၏စိတ်အားထက်သန်မှုသည် များစွာသောသူတို့ကို နှိုးဆော်ပေး၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သတေဖန်နှင့်သူ၏အိမ်သားများကို သိကြ၏။ သူတို့သည်ဂရိပြည်မှခရစ်ယာန်ဦး များဖြစ်၍ဘုရားသခင်၏လူစုတော်အား ကူညီမစရန်မိမိတို့ကိုယ်ကိုဆက်ကပ်ထားသူ များဖြစ်ပေသည်။ ညီအစ်ကိုတို့၊ ထိုသို့သောသူတို့ ၏ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူတို့နှင့်အတူ အမှုတော်ကိုကြိုးစား၍ပါဝင်ဆောင်ရွက်ကြ သောသူတို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန်သင်တို့အားငါမေတ္တာရပ်ခံ ပါ၏။
ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
ထိုမျှသာမကဤအလှူငွေကောက်ခံမှု အတွက်ငါတို့နှင့်အတူခရီးပြုရန် အသင်း တော်များကရွေးချယ်ခန့်ထားခြင်းခံရ သူလည်းဖြစ်၏။ သခင်ဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်စေရန်နှင့် ငါတို့၏စိတ် စေတနာကိုသိသာစေရန် ငါတို့သည်ဤ အလှူခံလုပ်ငန်းကိုဆောင်ရွက်နေကြ ခြင်းဖြစ်၏။