၂ ကော 9:1 - Common Language Bible1 ယုဒပြည်ရှိဘုရားသခင်၏လူစုတော် အား ကူညီထောက်ပံ့ရေးအကြောင်းကိုသင် တို့ထံရေးသားဖော်ပြရန်မလိုပါ။- အခန်းကိုကြည့်ပါ။Garrad Bible1-2 သင် တို့ စေ တ နာ ကို ငါ သိ သည့် အ တိုင်း ယ မန် နှစ် က ပင် အ ခါ ယ အ သင်း တော် အ သင့် ရှိ နေ ကြောင်း ကို မာ ကေ ဒေါ နိ အ သင်း တော် အား ငါ ဂုဏ် တင် သည့် အ လျောက် သင် တို့ စေ တ နာ ထက် သန် ခြင်း ကြောင့် အ များ တို့ အား ကျ သော စိတ် ရှိ သည် ဖြစ်၍ သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု အ ကြောင်း သင် တို့ ထံ ရေး လိုက် သော် ပို မို ၏။ အခန်းကိုကြည့်ပါ။Judson Bible1 သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သန့်ရှင်းသူတို့ကိုထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ ငါသည် သင်တို့ထံသို့ အထူးရေးသားရန်မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။ |
သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။