ငွေနှစ်ပိဿာကို ရသောသူသည်လည်း ရှေ့ထွက်လာ၍ ‘သခင်… သခင်သည် အကျွန်ုပ်အား ငွေနှစ်ပိဿာကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်သည် အပိုနှစ်ပိဿာကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
၂ ကော 8:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… မာကေဒေါနိပြည်ရှိ အသင်းတော်များအား ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ကျွန်ုပ်တို့သည် သင်တို့အား သိစေလို၏။ Common Language Bible ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်း တော်တို့အား ဘုရားသခင်ပေးသနားတော် မူသောကျေးဇူးတော်အကြောင်းကိုသင်တို့ အားငါပြောပြလို၏။- Garrad Bible ၎င်း ပြင် ညီ အစ် ကို တို့၊ မာ ကေ ဒေါ နိ ပြည် ရှိ အ သင်း တော် တို့ ခံ စား ရ ကြ သော ဘု ရား သ ခင့် ကျေး ဇူး တော့် အ ကြောင်း ကို သင် တို့ အား သိ စေ လို သည် မှာ၊ Judson Bible ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်းတော်များအား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အကြောင်းကို သင်တို့အား ငါတို့ပြောပြလိုပါ၏။ |
ငွေနှစ်ပိဿာကို ရသောသူသည်လည်း ရှေ့ထွက်လာ၍ ‘သခင်… သခင်သည် အကျွန်ုပ်အား ငွေနှစ်ပိဿာကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်သည် အပိုနှစ်ပိဿာကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ပေါလုသည် ညအခါ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့လာ၍ ကျွန်ုပ်တို့ကို ကူညီပါ” ဟု တောင်းပန်ပြောဆိုနေ၏။
ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သောသူများက မိမိတို့၏ငွေများကို ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများထဲမှ ဆင်းရဲသောသူတို့အား စေတနာထက်သန်စွာ လှူဒါန်းလိုသောကြောင့် ဖြစ်၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
သင်တို့၏လှူဒါန်းခြင်းအမှုသည် ယုံကြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်ကို ကျေးဇူးတင်သူများလည်း တိုးပွားလာစေ၏။
လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။
ထိုသို့မဟုတ်ဘဲ မာကေဒေါနိပြည်သားတချို့သည် ကျွန်ုပ်နှင့်အတူ သင်တို့ထံရောက်လာ၍ သင်တို့၌ အသင့်ပြင်ဆင်ထားခြင်းမရှိသည်ကို တွေ့ရလျှင် သင်တို့သာမက ဤအမှု၌ သင်တို့ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့သည်လည်း အရှက်ကွဲရကြလိမ့်မည်။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။
အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်အရပ်ရပ်၌ နေထိုင်ကြသော ညီအစ်ကိုမောင်နှမတို့ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကိုမောင်နှမတို့… ထိုထက်မက ပို၍ချစ်ကြရန် ကျွန်ုပ်တို့သည် သင်တို့ကို တိုက်တွန်း၏။