သို့သော်လည်း မည်သူမျှ သင်တို့ကို မကြိုဆို၊ သင်တို့ဟောသည့်တရားကိုလည်း မနာယူလျှင် ထိုအိမ်၊ သို့မဟုတ် ထိုမြို့မှ ထွက်ခွာသောအခါ သင်တို့၏ခြေဖဝါးမှ ဖုန်မှုန့်ကို ခါချလော့။
၂ ကော 7:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။ Common Language Bible ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။- Garrad Bible ငါ တို့ ကို နေ ရာ ပေး ကြ လော့။ ငါ တို့ သည် မည် သူ့ ကို မျှ ပြစ် မှား ခြင်း၊ ပျက် ယွင်း ခြင်း၊ တင် စား ခြင်း ပြု ပြီ မ ဟုတ်။ Judson Bible ငါတို့ကို လက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှ မပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့ကြ။ မည်သူ့အပေါ်၌မျှ အမြတ်မထုတ်ခဲ့ကြ။ |
သို့သော်လည်း မည်သူမျှ သင်တို့ကို မကြိုဆို၊ သင်တို့ဟောသည့်တရားကိုလည်း မနာယူလျှင် ထိုအိမ်၊ သို့မဟုတ် ထိုမြို့မှ ထွက်ခွာသောအခါ သင်တို့၏ခြေဖဝါးမှ ဖုန်မှုန့်ကို ခါချလော့။
သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကို လက်ခံ၏။
မြို့တစ်မြို့သို့ ဝင်သောအခါ ထိုမြို့သားတို့သည် သင်တို့ကို ကြိုဆိုလျှင် သင်တို့ရှေ့တွင် တည်ခင်းသမျှကို သုံးဆောင်ကြလော့။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေရန် ကျွန်ုပ်ထပ်မံ၍ပြောဆို၏။ သို့သော် သင်တို့ထင်မှတ်လျှင်လည်း ကြွားဝါခွင့် အနည်းငယ်ရှိစေရန် ကျွန်ုပ်ကို မိုက်မဲသောသူအဖြစ် လက်ခံကြလော့။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
သို့ဖြစ်၍ သခင်ဘုရား၏လူ ဖြစ်သည်ကို ထောက်လျက် သူ့အား အလွန်ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သောလူတို့ကို ရိုသေကြလော့။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။
ယုံကြည်သော သင်တို့နှင့် ဆက်ဆံရာတွင် ကျွန်ုပ်တို့သည် မည်သို့သန့်ရှင်း ဖြောင့်မတ်ပြီး အပြစ်ဆိုဖွယ်မရှိသူများဖြစ်ကြောင်းကို သင်တို့နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေများဖြစ်၏။
သင်သည် ကျွန်ုပ်ကို လုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်လျှင် ကျွန်ုပ်ကိုလက်ခံသကဲ့သို့ သူ့ကိုလည်း လက်ခံလော့။
တစ်စုံတစ်ယောက်သည် သင်တို့ထံသို့ လာ၍ ဤသွန်သင်ချက်ကို မဝေမျှလျှင် ထိုသူကို သင်တို့အိမ်သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်းလည်း မဆက်ကြနှင့်။