Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:40 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 သင်တို့​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကို လက်ခံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 သင် တို့ ကို လက် ခံ သော သူ သည် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သော သူ လည်း ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

40 သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:40
18 ပူးပေါင်းရင်းမြစ်များ  

ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကိုလည်း​လက်ခံ၏။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကိုမောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသာ​သူ​အား သင်တို့ မပြုစုသမျှ​သည် ငါ့​အား မပြုစုကြခြင်း​ပင် ဖြစ်သည်’ ဟု မိန့်တော်မူ​လိမ့်မည်။


“ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို​သာမက ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။


ထို့နောက် တပည့်တော်တို့​အား “သင်တို့​၏​စကား​ကို နားထောင်သော​သူ​သည် ငါ့​စကား​ကို နားထောင်၏။ သင်တို့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို ငြင်းပယ်၏။ ငါ့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။


ထို့နောက် တပည့်တော်တို့​အား “ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​တွင် အငယ်ဆုံး​သော​သူ​သည် အကြီးမြတ်ဆုံးသော​သူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ အစေလွှတ်ခံ​ကို လက်ခံကြိုဆိုသောသူ​သည် ငါ့​ကို လက်ခံကြိုဆို၏။ ငါ့​ကို လက်ခံကြိုဆိုသောသူ​သည်လည်း ငါ့​ကို စေလွှတ်သော ခမည်းတော်​ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။


တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။


ထိုသို့ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သံတမန်များ​ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​အားဖြင့် လူတို့​အား တိုက်တွန်း​နှိုးဆော်​လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ကြလော့” ဟု ခရစ်တော်​၏ ကိုယ်စား သင်တို့​ကို ကျွန်ုပ်တို့​အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


ကျွန်ုပ်​၏ မကျန်းမာခြင်း​သည် သင်တို့​အတွက် အနှောင့်အယှက်​ဖြစ်​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို မထီမဲ့မြင်​မပြုကြ။ ကျွန်ုပ်​ကို မပစ်ပယ်ကြ။ ကျွန်ုပ်​သည် ဘုရားသခင်​၏ ကောင်းကင်တမန်​ဖြစ်​သကဲ့သို့​လည်းကောင်း၊ ယေရှု​ခရစ်တော်​ဖြစ်​သကဲ့သို့​လည်းကောင်း ကျွန်ုပ်​ကို သင်တို့​ကြိုဆို​လက်ခံခဲ့ကြ၏။


ထို့ကြောင့် ဤ​ညွှန်ကြားချက်များ​ကို ငြင်းပယ်သော သူတို့​သည် လူ​ကို ငြင်းပယ်သည်​မဟုတ်ဘဲ သင်တို့​အတွက် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပေးတော်မူသော ဘုရားသခင်​ကို ငြင်းပယ်၏။


ခရစ်တော်​၏ သွန်သင်ချက်​အတိုင်း မရပ်တည်ဘဲ ၎င်း​ကို ကျော်လွန်သော​သူတိုင်း​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​မဟုတ်ပေ။ သွန်သင်ချက်​အတိုင်း ရပ်တည်သောသူ​သည် ခမည်းတော်​နှင့် သားတော်​နှစ်ပါးလုံး​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ