လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။
၂ ကော 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မယုံကြည်သောသူတို့နှင့် တွဲဖက်၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူနှင့် တရားမဲ့သောသူသည် မည်သို့ တွဲဖက်၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့ ဆက်စပ်ယှဉ်တွဲ၍ နေနိုင်မည်နည်း။ Common Language Bible မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။- Garrad Bible မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။ Judson Bible မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။ |
လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။
ပေတရုနှင့်ယောဟန်တို့သည် လွတ်လာပြီးနောက် အခြားယုံကြည်သူများထံသို့ သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့ပြောခဲ့သမျှတို့ကို ပြန်ပြောပြကြ၏။
သင်တို့သည် သခင်ဘုရား၏ ခွက်ကို သောက်လျှင် နတ်ဆိုးတို့၏ ခွက်ကို သောက်၍ မရပေ။ သင်တို့သည် သခင်ဘုရား၏စားပွဲ၌ စားလျှင် နတ်ဆိုးတို့၏ စားပွဲ၌ စား၍ မရပေ။
အလှည့်စားမခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောစာရိတ္တကို ပျက်စီးစေကြ၏။
ယခင်က သင်တို့ထံ ပို့သည့် စာ၌ တရားနှင့်မညီသော မေထုန်ကို ပြုသူများနှင့် မပေါင်းဖော်ကြရန် ကျွန်ုပ်ရေးသားမှာကြားခဲ့၏။
ဇနီးသည် မိမိခင်ပွန်း အသက်ရှင်နေသမျှကာလပတ်လုံး ထိုခင်ပွန်းနှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်းကွယ်လွန်လျှင် မိမိနှစ်သက်သောသူနှင့် လက်ထပ်ခွင့်ရှိ၏။ သို့သော်လည်း ထိုသူသည် သခင်ဘုရားကို ယုံကြည်သောသူဖြစ်ရမည်။
ထိုသို့ပြုလျှင် ဖောက်ပြန်ကောက်ကျစ်သည့်သူများ၏ အလယ်တွင် သင်တို့သည် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်။ ဤလောက၌ ထိုသူတို့၏ အလယ်တွင် ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။