သို့ရာတွင် ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကို ကြားသော် စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
၂ ကော 2:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိလျှင် ကျွန်ုပ်ကို ဝမ်းမြောက်စေမည့်သူ အဘယ်မှာရှိဦးမည်နည်း။ သင်တို့ကသာ ကျွန်ုပ်ကို ဝမ်းမြောက်စေနိုင်၏။ သို့သော်လည်း ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိပြီမဟုတ်လော။ Common Language Bible ငါသည်သင်တို့အားဝမ်းနည်းအောင်ပြုပါမူ ငါ့အားရွှင်လန်းစေမည့်သူအဘယ်မှာရှိ တော့မည်နည်း။ ငါ့ကြောင့်ဝမ်းနည်းရသူများ ကလွဲ၍ အဘယ်သူသည်ငါ့အားစိတ်ရွှင် လန်းစေတော့အံ့နည်း။- Garrad Bible သင် တို့ ကို ငါ ပူ ပန် စေ လျှင် ငါ့ ကို ဝမ်း မြောက် စေ မည့် သူ ကား ပူ ပန် ရ သူ သင် တို့ မှ တ ပါး မည် သူ ရှိ တော့ အံ့ နည်း။ Judson Bible အကြောင်းမူကား၊ ငါသည် သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ ဝမ်းနည်းစေသောသူတို့မှတစ်ပါး အဘယ်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင် ငါ့ကြောင့်ဝမ်းနည်းရသူမှတစ်ပါး မည်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။ |
သို့ရာတွင် ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကို ကြားသော် စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။
အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ခံစားကြရ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်တက်လျှင် ကျန်အစိတ်အပိုင်းရှိသမျှတို့သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။
ကျွန်ုပ်ပို့လိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရလျှင်လည်း ကျွန်ုပ်သည် စိတ်မကောင်းမဖြစ်ပါ။ အစဦးတွင် ကျွန်ုပ် စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ကျွန်ုပ်ရေးလိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရသည်မှာ ခဏသာ ဖြစ်သောကြောင့်