Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 သို့ရာတွင် ထို​လူငယ်​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် ထို​စကားကို ကြား​သော် စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက်​ထွက်​ခွာ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို စ ကား ကို ပျို ရွယ် သူ ကြား လျှင် ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သော ကြောင့် နှ လုံး မ သာ ထွက် သွား လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို​လူငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် ဝမ်းနည်း​လျက် ထွက်သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:22
17 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိ​ကို ထောက်ရှု​၍ တောင်းဆိုသည့်​အတိုင်း ပေး​စေရန် အမိန့်ချလေ၏။


လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။


ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က တပည့်တော်တို့​အား “ငါ​အမှန်​ဆိုရ​လျှင် ချမ်းသာသော​သူ​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။


မည်သူ​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​အား တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ။


သို့သော် ထို​သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် မျက်နှာညိုး​၍ စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် အလွန်​ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိသစ္စာ​ကို ထောက်ရှု​သဖြင့် တောင်းဆိုသည့်​အရာ​ကို မငြင်းပယ်နိုင်ပေ။


ထို​သူ​သည် ချမ်းသာကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ဤ​စကား​ကို ကြား​သော် အလွန်​ဝမ်းနည်းလေ၏။


သင်တို့​အား ငါ​အမှန်​ဆိုရ​လျှင် ငါ​၌ ဖြစ်ပျက်လာမည့်​အရာ​ကြောင့် သင်တို့​သည် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ သို့သော် လောကီသားတို့​မှာမူ ဝမ်းမြောက်ကြ​လိမ့်မည်။ သင်တို့​သည် ဝမ်းနည်းပူဆွေးကြ​သော်လည်း ထို​ဝမ်းနည်းခြင်း​သည် ဝမ်းမြောက်ခြင်း​အဖြစ်သို့ ပြောင်းလဲသွား​လိမ့်မည်။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု​ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ​လွန်ကြူးသောသူ တစ်ယောက်​မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ