လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
၂ ကော 11:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမလူမျိုးတို့ထံမှ ကြိမ်လုံးနှင့် သုံးကြိမ်တိုင်တိုင် အရိုက်ခံခဲ့ရ၏။ ကျောက်ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်ရာတွင် သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။ Common Language Bible ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။- Garrad Bible ရာ ဇ ကြိမ် ဒဏ် သုံး ကြိမ်၊ ခဲ ပစ် ဒဏ် တစ် ကြိမ် ခံ ရ သည့် ပြင် သင်္ဘော ပျက် ခြင်း သုံး ကြိမ် နှင့် တစ် နေ့ တစ် ညဉ့် ပတ် လုံး နစ် မွန်း ခြင်း ကို ခံ ရ ၏။ Judson Bible သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။- မြန်မာ့စံမီသမ္မာကျမ်း ကြိမ်လုံးနှင့်ရိုက်နှက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်စီးရာ၌ သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။ |
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် စပျစ်ခြံလုပ်သားများက သူ၏အစေခံများကို ဖမ်းချုပ်လျက် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်ကာ တစ်ဦးကို ကျောက်ခဲနှင့်ပေါက်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
လူမျိုးခြားတချို့နှင့် ဂျူးတို့သည် သူတို့၏အာဏာပိုင်များနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်ရန် ကြံစည်အားထုတ်ကြ၏။
ထိုညတွင်းချင်းပင် ထောင်မှူးသည် သူတို့ကိုခေါ်၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထိုသို့ပြုပြီးနောက် သူနှင့် အိမ်သားအားလုံးသည် ချက်ချင်းပင် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
သို့သော် ပေါလုက ရဲအရာရှိတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်သော အကျွန်ုပ်တို့ကို မစစ်ဆေးဘဲ လူထုပရိသတ်တို့ရှေ့တွင် ရိုက်နှက်၍ အကျဉ်းချထားခဲ့ကြ၏။ ယခုတွင် သူတို့သည် အကျွန်ုပ်တို့အား တိတ်တဆိတ်လွှတ်မည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ အကျွန်ုပ်တို့ကို ထောင်မှထုတ်ပါစေ” ဟု ပြော၏။
ထိုအခါ တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ သူက “လူထုသည် အဘယ်ကြောင့် ထိုသို့ဆန့်ကျင်လျက် အော်ဟစ်ကြသည်ကို သိရှိနိုင်ရန် သူ့ကို ကျာပွတ်နှင့် ရိုက်၍ စစ်ဆေးလော့” ဟု ညွှန်ကြားလေ၏။
ခရစ်တော်ကို ဆက်၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်စွာ နေလော့။ အချို့သောသူတို့သည် မိမိတို့၏အသိတရားကို လျစ်လျူရှုခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းသည် သင်္ဘောပျက်သဖွယ် ဖြစ်လာ၏။
သူတို့သည် ကျောက်ခဲနှင့် ပေါက်သတ်ခြင်း၊ လွှနှင့် နှစ်ပိုင်းဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓားနှင့် သတ်ခြင်းတို့ကို ခံကြရ၏။ သူတို့သည် ဆင်းရဲနွမ်းပါးလျက်၊ ဒုက္ခရောက်လျက်၊ နှိပ်စက်ခံရလျက် သိုးသားရေ၊ ဆိတ်သားရေတို့ကို ဝတ်၍ သွားလာကြရ၏။