သခင်ဘုရားထံမှ လာသော ပညတ်မဟုတ်သော်လည်း အခြားသောသူတို့အား ကျွန်ုပ်ပြောလို၏။ ယုံကြည်သောအမျိုးသားတစ်ဦးတွင် မယုံကြည်သောဇနီး ရှိပြီး ထိုဇနီးသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုဇနီးကို မကွာရှင်းရ။
၂ ကော 11:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကဲ့သို့ စိတ်ချယုံကြည်မှုဖြင့် ပြောဆိုခြင်းမှာ သခင်ဘုရား၏စံနှုန်းအရ ပြောဆိုခြင်းမဟုတ်။ မိုက်မဲသောသူကဲ့သို့ ကြွားဝါခြင်းဖြစ်၏။ Common Language Bible ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။- Garrad Bible ယ ခု ပြော မည့် စ ကား ကို အ ရှင် ဘု ရား အ မိန့် တော် နှင့် မ ဟုတ်။ ထို သို့ စိတ် ချ စွာ ဂုဏ် တင် လျက် ဉာဏ် မဲ့ သူ အ နေ နှင့် ပြော ဆို မည်။ Judson Bible ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။ |
သခင်ဘုရားထံမှ လာသော ပညတ်မဟုတ်သော်လည်း အခြားသောသူတို့အား ကျွန်ုပ်ပြောလို၏။ ယုံကြည်သောအမျိုးသားတစ်ဦးတွင် မယုံကြည်သောဇနီး ရှိပြီး ထိုဇနီးသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုဇနီးကို မကွာရှင်းရ။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ကျွန်ုပ်၏ အနည်းငယ်သော မိုက်မဲမှုကို သင်တို့သည်းခံပေးလိမ့်မည်ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်ကို သည်းခံပေးကြပါလော့။
ထိုသို့မဟုတ်ဘဲ မာကေဒေါနိပြည်သားတချို့သည် ကျွန်ုပ်နှင့်အတူ သင်တို့ထံရောက်လာ၍ သင်တို့၌ အသင့်ပြင်ဆင်ထားခြင်းမရှိသည်ကို တွေ့ရလျှင် သင်တို့သာမက ဤအမှု၌ သင်တို့ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့သည်လည်း အရှက်ကွဲရကြလိမ့်မည်။