Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 များစွာသော​သူတို့​သည် လောကီ​စံနှုန်း​အတိုင်း ကြွားဝါကြ​သောကြောင့် ကျွန်ုပ်​သည်လည်း ကြွားဝါမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ များ တို့ က ရုပ် ခ န္ဓာ အ လျောက် ဂုဏ် တင် ကြ သည် ဖြစ်၍ ငါ လည်း ဂုဏ် တင် ဦး အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 လူ​များ​တို့​သည် လော​ကီ​အ​ခြင်း​အ​ရာ၌ ဝါ​ကြွား​သော​ကြောင့် ငါ​သည်​လည်း​ဝါ​ကြွား​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 လူ​များစွာ​တို့​သည် ဇာတိ​သဘော​ဖြင့် ဝါကြွား​ကြ​သည်​ဖြစ်၍ ငါ​သည်​လည်း ဝါကြွား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:18
13 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


ဤသို့ စီစဉ်​သောအခါ ကျွန်ုပ်​သည် ပေါ့ပေါ့တန်တန်​စီစဉ်သည်​ဟု သင်တို့​ထင်သလော။ ကျွန်ုပ်​သည် အစီအစဉ်များ​ကို ချမှတ်​ရာတွင် တစ်ချိန်တည်း​၌ “ဟုတ်၏” ဟူ၍​လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍​လည်းကောင်း စကား​နှစ်ခွ​ဖြင့် ပြောဆိုတတ်သော လောကီသားများ​နှင့် တူသလော။


သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


သို့သော် ကိုယ်တော်​က “ငါ​ပြုသော​ကျေးဇူး​သည် သင့်​အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​တန်ခိုး​သည် သင်​အားနည်း​သောအခါ အပြည့်အဝ​ထင်ရှား​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်​အပေါ် ခရစ်တော်​၏​တန်ခိုး တည်နေ​ရန် ကျွန်ုပ်​သည် ကျွန်ုပ်​၏ အားနည်းချက်​ကို ပို၍ ဝမ်းမြောက်​စွာ ကြွားဝါမည်။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ထို့ကြောင့် ကျမ်းစာ​၌ “လူ​အပေါင်းတို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၍ သူတို့​၏​ဂုဏ်အသရေ​သည်လည်း မြက်ပွင့်​ကဲ့သို့ ဖြစ်၏။ မြက်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​၍ အပွင့်​သည်လည်း ကြွေတတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ