Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်ုပ်​၏ အနည်းငယ်သော မိုက်မဲမှု​ကို သင်တို့​သည်းခံပေး​လိမ့်မည်​ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်​ကို သည်းခံပေး​ကြပါလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-3 အ နည်း ငယ် ဉာဏ် မဲ့ ရာ၌ ငါ့ ကို သည်း ခံ စေ လို၏။ ငါ သည် သင် တို့ ကို အ ခြား မ ဟုတ်၊ ခ ရစ် တော် တည်း ဟူ သော ခင် ပွန်း အား စင် ကြယ် သော သ မီး က ညာ အ ဖြစ် ဆက် သ ရန် မှန်း ထား ခဲ့ သည် နှင့် ဘု ရား သ ခင့် သ ဘော တော် အ လိုက် မ ရှု စိတ် သော သ ဘော ရှိ၍ ဧ ဝ ကို စဉ်း လဲ ခြင်း အား ဖြင့် မြွေ လှည့် စား သ ကဲ့ သို့ ခ ရစ် တော့် ဘက်၌ သင် တို့ ရိုး ဖြောင့် စင် ကြယ် သော သ ဘော ဖောက် ပြန် မည် ဟု ငါ စိုး သော ကြောင့် သည်း ခံ ကြ ဦး။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ​မိုက်​မဲ​သော​အ​ပြစ်​ကို သင်​တို့​သည် ခ​ဏ​သည်း​ခံ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခ​ဏ သည်း​ခံ​ကြ​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​၏​အနည်းငယ်​သော​မိုက်မဲ​မှု​အတွက် ငါ့​ကို​သည်းခံ​စေ​လို​ပါ​၏။ မည်သို့ပင်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​သည်းခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:1
17 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။


ပေါလု​ပြန်လည်​ချေပပြောဆိုမည် အပြု​တွင် ဂါလျန်မင်း​က “အို ဂျူးလူမျိုးတို့… ဤ​ကိစ္စ​သည် ပြစ်မှုကျူးလွန်ခြင်း​အမှု သို့မဟုတ် ဆိုးညစ်သော​ပြစ်မှု တစ်ခု​ဖြစ်ခဲ့​လျှင် ငါ​သည် ဤ​အမှု​ကို လက်ခံ​ရန်​အကြောင်း​ရှိ၏။


ပေါလု​ကလည်း “အချိန်တိုသည်​ဖြစ်စေ၊ ကြာသည်​ဖြစ်စေ အရှင်မင်းကြီး​သာမက ယနေ့​အကျွန်ုပ်​၏​စကား​ကို နားထောင်သော​သူ​အားလုံးတို့​သည် ဤ​အချုပ်နှောင်ခံခြင်း​မှလွဲ၍ အကျွန်ုပ်​ကဲ့သို့ပင် ဖြစ်လာကြ​စေရန် ဘုရားသခင်​ထံသို့ အကျွန်ုပ်​ဆုတောင်းပါသည်” ဟု လျှောက်လေ၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့​ထဲမှ တစ်စုံတစ်ယောက်​က လောကီ​စံနှုန်းများ​အရ မိမိကိုယ်ကိုယ် ပညာ​ရှိသည်​ဟု ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှင် ဖြစ်လာ​ရန်အတွက် မိုက်မဲသောသူ​ဖြစ်သင့်၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


သင်တို့​သည် အစစအရာရာ​ပြည့်စုံကြပြီလော။ သင်တို့​သည် ချမ်းသာပြီလော။ ဘုရားသခင်​၏ နိုင်ငံတော်​တွင် ကျွန်ုပ်တို့​မပါဘဲ သင်တို့​အုပ်ချုပ်​နေကြပြီလော။ ကျွန်ုပ်တို့​သည်လည်း သင်တို့​နှင့်အတူ အုပ်ချုပ်ခွင့်​ရ​ရန်အတွက် သင်တို့ အမှန်တကယ်​ပင် အုပ်ချုပ်​နေပြီ​ဖြစ်လျှင် ကောင်းပေမည်။


သင်တို့​သည် ပညာရှင်ကြီးများ​ဖြစ်သောကြောင့် မိုက်မဲသော​သူတို့​ကို ကျေနပ်​စွာ​သည်းခံကြ၏။


ကျွန်ုပ်တို့​သည် သင်တို့​အား ထိုသို့​ပြု​ရန် သတ္တိ​နည်းကြောင်း ကျွန်ုပ်​ရှက်ရွံ့​စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်​သည် တစ်စုံတစ်ရာ​အတွက် ကြွားဝါ​ဝံ့​ပါက ကျွန်ုပ်​သည်လည်း ကြွားဝါ​ဝံ့သည်​ဟု မိုက်မဲ​စွာ ဆိုရပေမည်။


အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်​သည် သင်တို့​ထံ လာ​၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြား​ယေရှု​အကြောင်း​ကို ဟောပြော​သောအခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံရရှိထားသော ဝိညာဉ်တော်​မဟုတ်သည့် အခြား​ဝိညာဉ်​ကို သင်တို့​လက်ခံရရှိသော​အခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံခဲ့သော​သတင်းကောင်း​မဟုတ်သည့် အခြား​သတင်း​ကို သင်တို့​ဟောပြောခံရ​သောအခါ​၌​ဖြစ်စေ သင်တို့​သည် ဝမ်းမြောက်စွာ​ပင် သည်းခံကြ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် စိတ်ဖောက်ပြန်​နေ​လျှင် ထို​အရာ​သည် ဘုရားသခင်​အတွက် ဖြစ်၏။ စိတ်​မှန်​နေ​လျှင် သင်တို့​အတွက်​ဖြစ်၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် ကိုယ်တိုင်​အားနည်းချက် ရှိ​သဖြင့် မသိ​နားမလည်ဘဲ လမ်းမှား​ရောက်နေသူတို့​ကို စာနာ​နိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ