ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်သည် အပင်၌ မတည်လျှင် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။
၁ သက် 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဆက်လက်၍ သခင်ဘုရားကို ခိုင်မာစွာ ယုံကြည်နေသောကြောင့် ယခု ကျွန်ုပ်တို့စိတ်အေးကြရ၏။ Common Language Bible သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်း၌ကြံ့ခိုင်စွာရပ်တည်ကြ သဖြင့် ငါတို့အသက်ရှင်ရကျိုးနပ်ပေပြီ။- Garrad Bible အ ရှင် ဘု ရား၌ သင် တို့ တည် မြဲ လျက် နေ ကြ လျှင် ငါ တို့ သည် ယ ခု အ သက် ရှင် လျက် နေ ကြ၏။ Judson Bible ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သခင်ဘုရား၌ခိုင်မြဲစွာရပ်တည်လျှင် ယခု ငါတို့အသက်ရှင်နိုင်၏။ |
ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်သည် အပင်၌ မတည်လျှင် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
ယေရှုက မိမိကို ယုံကြည်သောဂျူးလူမျိုးတို့အား “ငါ့သွန်သင်ချက်ကို လိုက်နာလျှင် သင်တို့သည် အမှန်ပင် ငါ့တပည့်ဖြစ်ကြ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ကျွန်ုပ်အတွက်ဆိုရလျှင် အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်ဖြစ်၏။ သေခြင်းဖြစ်လျှင် ပို၍ အကျိုးရှိ၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သတင်းသည် အကျပ်အတည်းနှင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံနေသည့် ကျွန်ုပ်တို့အတွက် စိတ်ခွန်အားဖြစ်စေ၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။