သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
၁ ယော 3:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ကျွန်ုပ်တို့သည် “အပြစ်ရှိသည်” ဟု မခံစားရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်သို့ စိတ်ချယုံကြည်မှုဖြင့် ချဉ်းကပ်နိုင်ကြ၏။ Common Language Bible သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။- Garrad Bible ချစ် သူ တို့၊ ကိုယ် စိတ် နှ လုံး အ ပြစ် မ တင် လျှင် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ရဲ ရင့် ခွင့် ရ ကြ သည့် ပြင်၊ Judson Bible ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့် ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်မတင်လျှင် ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြပြီး |
သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
ကျွန်ုပ်သည် ကိုယ့်လိပ်ပြာကိုယ် လုံ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်၌ အပြစ်မရှိဟု မဆိုလို။ ကျွန်ုပ်ကို စစ်ဆေးစီရင်တော်မူသောအရှင်မှာ သခင်ဘုရားပင် ဖြစ်တော်မူ၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်တို့သည် ထိုသခင်နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံသို့ ရဲရင့်မှုနှင့် စိတ်ချယုံကြည်မှုဖြင့် ဝင်ရောက်ချဉ်းကပ်ခွင့်ကို ရရှိကြ၏။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
သားသမီးတို့… ကိုယ်တော်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့သည် ရှေ့တော်၌ ရှက်ကြောက်နေစရာမလိုဘဲ စိတ်ချယုံကြည်မှုရှိနိုင်ရန်အတွက် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
“အပြစ်ရှိသည်” ဟု ခံစားရလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ခံစားမှုထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အားလုံးကို သိတော်မူ၏။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။
ကျွန်ုပ်တို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ရာကို တောင်းလျှောက်လျှင် ဘုရားသခင်သည် နားဆင်တော်မူမည်ဟု သိသောကြောင့် ဘုရားသခင်ထံသို့ စိတ်ချယုံကြည်မှုဖြင့် ချဉ်းကပ်နိုင်ကြ၏။