Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ကျွန်ုပ်တို့​သည် အလိုတော်​နှင့်အညီ တစ်စုံတစ်ရာ​ကို တောင်းလျှောက်​လျှင် ဘုရားသခင်​သည် နားဆင်တော်မူမည်​ဟု သိ​သောကြောင့် ဘုရားသခင်​ထံသို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဘုရားသခင်​၌ ငါ​တို့​ထားရှိ​သော​ယုံကြည်​စိတ်ချ​မှု​ကား ငါ​တို့​သည် အလို​တော်​နှင့်အညီ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ဘုရားသခင်​သည်​နားညောင်း​တော်မူ​၏​ဟူ၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:14
26 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် မည်သည့်​အရာ​ကို​မဆို ယုံကြည်ခြင်း​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


အဖ​သည် အကျွန်ုပ်​တောင်းလျှောက်​သမျှ​ကို အစဉ်အမြဲ​နားဆင်တော်မူသည်​ကို အကျွန်ုပ်​သိပါ၏။ သို့ရာတွင် ယခု​ကဲ့သို့ တောင်းလျှောက်ရခြင်း​မှာ ဝန်းရံ​လျက်​ရှိသော ဤ​လူတို့​အတွက် ဖြစ်ပြီး အကျွန်ုပ်​ကို အဖ​စေလွှတ်တော်မူကြောင်း​ကို သူတို့​ယုံကြည်လာ​စေရန် ဖြစ်ပါသည်” ဟု မြွက်ဆိုတော်မူ၏။


ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းကြီးတော်မူ​စေရန် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ သင်တို့​တောင်းလျှောက်​လျှင် တောင်းလျှောက်​သမျှ​ကို ငါ​ပေးမည်။


သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ယခု​အချိန်​ထိ သင်တို့​သည် ငါ့​နာမ​ကို အမှီပြု​၍ မည်သည့်​အရာ​ကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် တောင်းကြလော့။ တောင်း​လျှင် တောင်းသည့်​အတိုင်း ရကြ​လိမ့်မည်။


ဘုရားသခင်​သည် အပြစ်သားတို့​၏ စကား​ကို နားထောင်တော်​မမူကြောင်း ကျွန်ုပ်တို့​သိကြ၏။ သို့သော် ဘုရားသခင်​ကို ကိုးကွယ်​၍ အလိုတော်​ကို လိုက်နာသော​သူ​၏ စကား​ကိုမူ ဘုရားသခင်​နားထောင်တော်မူ၏။


ကျွန်ုပ်တို့​သည် ထို​သခင်​နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း​အားဖြင့်​သော်လည်းကောင်း၊ ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့်​သော်လည်းကောင်း ဘုရားသခင်​ထံသို့ ရဲရင့်မှု​နှင့် စိတ်ချယုံကြည်မှု​ဖြင့် ဝင်ရောက်​ချဉ်းကပ်ခွင့်​ကို ရရှိကြ၏။


ထို့ကြောင့် သခင်ဘုရား​အပေါ် သင်တို့​၏ စိတ်ချယုံကြည်မှု​ကို မစွန့်ပစ်ကြနှင့်။ ၎င်း​သည် သင်တို့​အား ကြီးမားသော​ဆုလာဘ်​ကို ခံစားစေ​လိမ့်မည်။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


သို့သော် ခရစ်တော်​သည် သားတော်​တစ်ပါး​အဖြစ် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုးရာ​တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့​၏ စိတ်ချယုံကြည်မှု​နှင့်​ဂုဏ်ယူ​ဝင့်ကြွားစရာ မျှော်လင့်ခြင်း​ကို ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏​အိမ်တော်​ဖြစ်ကြ၏။


တောင်းလျှောက်​သောအခါ​၌လည်း အပျော်အပါး​လိုက်စား​နိုင်ရန်​အတွက် လွဲမှား​စွာ တောင်းလျှောက်​သောကြောင့် မရကြ။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ