ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
၁ ယော 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။ Garrad Bible တ ရား တော် ကို စောင့် ရှောက် သူ၌ မူ ကား ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ မု ချ စုံ လင် ပြီ။ ထို သို့ သော အား ဖြင့် လည်း ငါ တို့ သည် ကိုယ် တော်၌ တည် နေ ကြောင်း သိ ရ ကြ၏။ Judson Bible ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် မည်သူမဆို ဘုရားသခင်၏စကားကို လိုက်နာစောင့်ထိန်းလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ထိုသူ၌ အမှန်ပင်ပြည့်စုံ၏။ ဤသို့ဖြင့် ငါတို့သည် ဘုရားသခင်၌ရှိသည်ကို သိကြ၏။ |
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌ တည်၍ ငါသည်လည်း ထိုသူ၌ တည်လျှင် ထိုသူသည် အသီးများစွာ သီးလိမ့်မည်။ ငါနှင့် ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။
ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
သူ၏ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်ခြင်းနှင့်အတူ ဆောင်ရွက်သည်ကို သင်သိမြင်ရပြီး ထိုလုပ်ဆောင်ခြင်းဖြင့် သူ၏ယုံကြည်ခြင်းသည် ပြီးပြည့်စုံ၏။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။
ချစ်ခြင်းမေတ္တာတွင် ကြောက်စိတ်မရှိ။ ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာသည် ကြောက်စိတ်ကို ဖယ်ရှားတတ်၏။ ကြောက်စိတ်သည် ပြစ်ဒဏ်နှင့် သက်ဆိုင်သောကြောင့် ကြောက်သောသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံသေး။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများကို ချစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်ထားတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်တော်မှာ အစဦးကပင် သင်တို့ကြားခဲ့သည့်အတိုင်း အချင်းချင်း ချစ်ကြရန်ဖြစ်၏။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။