၁ ယော 2:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ Common Language Bible သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။- Garrad Bible အ ချင်း သူ ငယ် တို့၊ အ န္တိ မ ကာ လ တိုင် ရောက် ပြီ။ ခ ရစ် တော်၏ ရန် ဘက် တော် ပေါ် လာ မည် ဟု သင် တို့ ကြား ဘူး သည့် အ တိုင်း ယ ခု ပင် အ များ ပေါ် လာ ကြ ပြီး ဖြစ်၍ အ န္တိ မ ကာ လ ရောက် ကြောင်း ငါ တို့ သိ ရ ကြ ၏။ Judson Bible ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။ |
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မည်ဖြစ်သောကြောင့်ပင်။ ထိုသူတို့သည် ဖြစ်နိုင်လျှင် ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာကြီးများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။
သင်တို့သည် ယခုလက်ရှိ အချိန်အခါကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာမှ နိုးထရမည့်အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်သည် ကျွန်ုပ်တို့ စတင်ယုံကြည်ခဲ့သည့် အချိန်ကထက် ပို၍ နီးကပ်လာသောကြောင့် ဖြစ်၏။
ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နောက်ဆုံးသောကာလ၌ ပေါ်လွင်ထင်ရှားရန် အသင့်ရှိသော ကယ်တင်ခြင်းကို ရရှိခံစားနိုင်မည့်အချိန်တိုင်အောင် ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ဖြင့် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
မည်သူသည် လိမ်လည်သူဖြစ်သနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သူသည် လိမ်လည်သူဖြစ်၏။ ထိုသို့သောသူသည် ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သူဖြစ်၍ ခရစ်တော်၏ရန်သူဖြစ်၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
ယေရှုခရစ်တော်ကို ဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ မဟုတ်ဘဲ ခရစ်တော်၏ရန်သူထံမှ လာသောဝိညာဉ်ဖြစ်၏။ ထိုခရစ်တော်၏ရန်သူသည် ဤကမ္ဘာလောကသို့ ရောက်လာတော့မည်ဟု သင်တို့ကြားရသောသူဖြစ်၏။ သူသည် ယခုပင် ကမ္ဘာလောက၌ ရှိနေပြီဖြစ်၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။