Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို သူ တို့ သည် ငါ တို့ ဘောင် မှ ထွက် သွား ကြ သော် လည်း ငါ တို့ နှင့် စပ် ဆိုင် သူ များ မ ဟုတ်။ ငါ တို့ နှင့် စပ် ဆိုင် ခဲ့ လျှင် အ တူ တ ကွ မု ချ နေ ကြ လေ ပြီ။ ချင်း တို့ ရှိ သ မျှ သည် ငါ တို့ နှင့် မ စပ် ဆိုင် ကြောင်း ထင် ရှား စေ ခြင်း ငှါ ထွက် သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို​သူ​တို့​သည် ငါ​တို့​ထံမှ ထွက်သွား​ကြ​၏။ သို့သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မှန်လျှင် ငါ​တို့​နှင့်အတူ​နေ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် သူ​တို့​ထွက်သွား​ကြ​သည်မှာ သူ​တို့​အားလုံး ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:19
30 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


ကျောက်ပေါသော​မြေ​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ ခံယူ​သော်လည်း စိတ်နှလုံး​တွင် အမြစ်မစွဲဘဲ ခဏ​သာ​ယုံကြည်​၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာ​သောအခါ ဖောက်ပြန်တတ်သော​သူ​ကို ဆိုလို၏။


ခမည်းတော်​သည် စပျစ်ပင်​ဖြစ်သော ငါ​၌ အသီး​မသီးသည့်​အကိုင်းအခက်​ရှိသမျှ​ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော​အကိုင်းအခက်​ရှိသမျှ​ကိုမူ ပို​၍ အသီးသီး​စေနိုင်ရန် ဖြတ်ညှပ်​ရှင်းလင်းတော်မူ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကျွန်ုပ်တို့​ထံမှ ထွက်ခွာသွားကြသော​သူများ​သည် ကျွန်ုပ်တို့​၏​ညွှန်ကြားချက်များ​မရှိဘဲ သင်တို့​အား စကားများ​ဖြင့်​ပူပန်စေ​၍ သင်တို့​၏​စိတ်​ကိုလည်း အနှောင့်အယှက်​ဖြစ်စေသည်​ကို ကြားသိရပါ၏။


လွဲမှားစေသော​အရာများ​ကို ပြောဆို​၍ တပည့်တော်များ​အား သူတို့​နောက်သို့ လိုက်​စေရန် ဆွဲခေါ်သွားမည့်​လူတို့​သည် သင်တို့​အထဲမှ​လည်း ပေါ်ပေါက်လာ​လိမ့်မည်။


သို့ရာတွင် ဘုရားသခင်​သည် အစ္စရေးလူမျိုးတို့​အား ပေးခဲ့သော​ကတိတော်​ကို တည်​ရန် ပျက်ကွက်​တော်မူသလော။ ပျက်ကွက်​တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေး​လူမျိုး တစ်မျိုးလုံး​သည် ဘုရားသခင်​၏ လူမျိုး​အစစ်အမှန် ဖြစ်သည်​ဟု မဆိုနိုင်​သောကြောင့်​ဖြစ်၏။


သင်တို့​ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်​မှာ ကျိုးကြောင်း​ဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများ​သည် ပေါ်လွင်​ထင်ရှားမည်​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။


သို့သော် သူတို့​သည် များစွာ ရှေ့ဆက်​တိုးနိုင်​လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့​၏ မိုက်မဲမှု​သည် ယန္နေ​နှင့် ယံဗြေ​တို့​၏ မိုက်မဲမှု​ကဲ့သို့ လူအပေါင်းတို့​ရှေ့တွင် ထင်ရှားမည် ဖြစ်​သောကြောင့်​ပင်။


သို့ရာတွင် ကျွန်ုပ်တို့​သည် နောက်ပြန်လှည့်​၍ ပျက်စီးနေသူများ​မဟုတ်ဘဲ ယုံကြည်​၍ ကယ်တင်ခံရသော​သူများ​ဖြစ်ကြ၏။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာတော်မူသည်​ကို ဝန်မခံသော​လှည့်ဖြားသူ​များစွာ​သည် ဤ​လောက​၌ ပေါ်လာ​သဖြင့် ဤ​အကြောင်းအရာ​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လှည့်ဖြားသူ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​လည်း ဖြစ်၏။


ယေရှု​ခရစ်တော်​၏​ကျွန်၊ ယာကုပ်​၏​ညီ ကျွန်ုပ်​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ရွေးချယ်တော်မူခြင်း​နှင့် ချစ်ခြင်း​ကို ခံရ​၍ ယေရှု​ခရစ်တော်​၏ စောင့်ရှောက်ခြင်း​ခံရသော​သူတို့​ထံသို့ စာရေးလိုက်၏။


ဤ​သူတို့​သည် စိတ်ဝမ်း​ကွဲစေသောသူ၊ ဝိညာဉ်တော်​ကို မရရှိသည့် လူ့​ဗီဇစိတ်​အလို​တိုင်း​လိုက်သော​သူများ​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ