ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
၁ ပေ 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။- Judson Bible နောက်တစ်ဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။ |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို လိုက်နာသောသူသာ ဝင်ရလိမ့်မည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
ထိုသူတို့သည် လူ့သဘာဝအရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ လူ့အလိုဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်က မွေးဖွားစေတော်မူသောသူများဖြစ်ကြ၏။
ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ကျွန်ုပ်တို့တွင် ကိုယ့်အတွက် အသက်ရှင်သောသူမရှိ။ ကိုယ့်အတွက် သေသောသူလည်း မရှိ။
ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား၏ အလိုတော်က မည်သည့်အရာ ဖြစ်သည်ကို ပိုင်းခြား နားလည်ကြလော့။
မျက်နှာသာရရန်အတွက် သူတို့ရှေ့၌သာ နာခံသည် မဟုတ်ဘဲ ခရစ်တော်၏ ကျွန်များကဲ့သို့ ဘုရားသခင်၏ အလိုတော်အတိုင်း စိတ်ရောကိုယ်ပါ နာခံကြလော့။
ထို့ကြောင့် သင်တို့အကြောင်းကို ကြားသည့်နေ့မှစ၍ ကျွန်ုပ်တို့သည် သင်တို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့သည် ဝိညာဉ်ရေးရာအသိပညာနှင့် နားလည်နိုင်စွမ်းအပေါင်းတို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝသိနိုင်ရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
မည်သည့်အခြေအနေ၌ပင် ဖြစ်စေ ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့သည် ဤသို့ပြုရန် ဘုရားသခင်အလိုတော်ရှိ၏။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
သင်တို့သည် ဘုရားသခင်ကို နာခံသောသားသမီးများဖြစ်သောကြောင့် သင်တို့မသိနားမလည်ခဲ့စဉ်အချိန်က လိုက်ခဲ့သော တပ်မက်မှုနောက်သို့ မလိုက်ကြနှင့်။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
လောကနှင့် ထိုလောကီတပ်မက်ခြင်းများသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူမှာမူ ထာဝရရှင်သန်လိမ့်မည်။