ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
၁ ပေ 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်းဖြစ်သည့် မပျက်စီးနိုင်သောအတွင်းစိတ်အလှတရားများဖြင့်သာ အလှဆင်ကြလော့။ ဤအရာသည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးတန်၏။ Common Language Bible မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။- Garrad Bible ဘု ရား သ ခင့် ရှေ့ တော်၌ ရ တ နာ မြတ် ဖြစ် လျက် မ ပျက် စီး နိုင် သော နူး ညံ့ သိမ် မွေ့ ခြင်း သ ဘော နှင့် ပုန်း ကွယ် သူ တည်း ဟူ သော စိတ် နှ လုံး ကို ဆင် ယင် ကြ လော့။ Judson Bible ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။ |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
“သင်တို့၏ရှင်ဘုရင်သည် မြည်းနှင့် မြည်းကလေးပေါ်တွင် စီး၍ နူးညံ့သိမ်မွေ့သောစိတ်ဖြင့် သင်တို့ထံသို့ကြွလာတော်မူပြီဟု ဇိအုန်မြို့သူမြို့သားတို့အား ပြောကြလော့” ဟူ၍ ဖြစ်၏။
အို မျက်မမြင်သောဖာရိရှဲ… ခွက်နှင့်ပန်းကန်၏ အတွင်းဘက်ကို ဦးစွာဆေးကြောလော့။ ထိုသို့ပြုလျှင် အပြင်ဘက်သည်လည်း သန့်ရှင်းလိမ့်မည်။
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။
လူမိုက်တို့… အပြင်ပန်းသဏ္ဌာန်ကို ဖန်ဆင်းတော်မူသောဘုရားသည် အတွင်းသဏ္ဌာန်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။
ဂျူးလူမျိုးအစစ်အမှန်မှာ ဘုရားသခင်ရှေ့တော်တွင် အတွင်းစိတ်နှလုံးမှန်ကန်သောသူဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်းမင်္ဂလာသည်လည်း စာဖြင့်ရေးထားသောပညတ်တရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး၌အရေပြားလှီးခြင်းဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှလာသော ချီးမွမ်းခြင်းကိုခံရ၏။
ကျွန်ုပ်တို့၏ဘဝတွင် အပြစ်တရား၏ ကြီးစိုးခြင်းကို ဖျက်ဆီးရန်အတွက် အပြစ်ရှိသော ကျွန်ုပ်တို့၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန် မဟုတ်တော့ပေ။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း စသည်တို့ဖြစ်၏။ ဤအရာများပြုမူခြင်းကို တားမြစ်သော ပညတ်တရားဟူ၍ မရှိပေ။
အရာရာ၌ နှိမ့်ချလျက် သိမ်မွေ့စွာ နေကြလော့။ စိတ်ရှည်လျက် မေတ္တာဖြင့် တစ်ယောက်ကိုတစ်ယောက် သည်းခံကြလော့။
ထို့ကြောင့် သင်တို့သည်ဘုရားသခင် ရွေးချယ်တော်မူသောသူများ၊ သီးသန့်ထားတော်မူသောသူများ၊ ချစ်တော်မူသောသူများဖြစ်သည့်အားလျော်စွာ ကရုဏာထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။
ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်အတိုင်း သင်တို့သည် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရန် ရည်မှန်းချက်ထား၍ မိမိတို့အရေးကိစ္စများကို အာရုံစိုက်လျက် မိမိတို့လက်ဖြင့် လုပ်ဆောင်လော့။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလူများကို မိမိဝမ်းစာအတွက် မိမိကိုယ်တိုင် အေးချမ်းစွာ ကြိုးစားရှာဖွေရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ညွှန်ကြားကာ တိုက်တွန်းနှိုးဆော်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားတရားကိုင်းရှိုင်းပြီး တည်ကြည်မှုရှိလျက် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန် ရှင်ဘုရင်များနှင့် အာဏာပိုင်များ အားလုံးအတွက်လည်း ဆုတောင်းပေးကြလော့။
ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
ခရစ်တော်ကို သင်တို့၏ စိတ်နှလုံးထဲ၌ သခင်အဖြစ် ရိုသေကိုင်းရှိုင်းကြလော့။ တစ်စုံတစ်ယောက်သည် သင်တို့၏မျှော်လင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းလျှင် ထိုသူအား ရှင်းလင်းဖြေဆိုရန် အမြဲအသင့်ရှိကြလော့။