ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
၁ ပေ 3:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။ Common Language Bible ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။- Garrad Bible ဗ တ္တိ ဇံ မင်္ဂ လာ သည် ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် တော် မူ ခြင်း အား ဖြင့် ယ ခု သင် တို့ ကို ကယ် တင်၏။ ဗ တ္တိ ဇံ မင်္ဂ လာ ဆို သော် ရုပ် ခ န္ဓာ၏ အ ညစ် အ ကြေး ဆေး ကြော ခြင်း ကို မ ဆို ဘု ရား သ ခင် ကို ကြည် လင် သော သြ တ္တ ပ္ပ စိတ်၏ တောင့် တ ရှာ ဖွေ ခြင်း ဟု ဆို လို၏။ Judson Bible ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေး ဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
ရှိမုန်ပေတရုက “သခင်… သို့ဖြစ်လျှင် အကျွန်ုပ်၏ ခြေကိုသာမက လက်နှင့် ဦးခေါင်းကိုပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။
ထိုညတွင်းချင်းပင် ထောင်မှူးသည် သူတို့ကိုခေါ်၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထိုသို့ပြုပြီးနောက် သူနှင့် အိမ်သားအားလုံးသည် ချက်ချင်းပင် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
ယခုလည်း သင်သည် အဘယ်ကြောင့်စောင့်ဆိုင်းနေသနည်း။ ထ၍ နှစ်ခြင်းမင်္ဂလာခံယူလော့။ ဘုရားသခင်၏အမည်နာမကို အမှီပြုဆုတောင်း၍ သင့်အပြစ်များကို ဆေးကြောလော့’ ဟု ဆိုလေ၏။
ထိုသို့ ခရီးပြုစဉ်တွင် ရေရှိရာသို့ရောက်သော် အမတ်က “ဤနေရာ၌ ရေရှိပါ၏။ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာ မခံယူစေနိုင်ရန် တားဆီးသည့်အကြောင်း ရှိသလော” ဟု မေး၏။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။
မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
ဘုရားသခင်သည် လူသေများကိုပင် ထမြောက်စေနိုင်ကြောင်း အာဗြဟံသည် ဆင်ခြင်သုံးသပ်ခဲ့၏။ ပုံဥပမာအားဖြင့် ဆိုရလျှင် ဣဇာက်ကို သေခြင်းမှ ပြန်လည်ရရှိခဲ့၏။
ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ်လိပ်ပြာသန့်ကြောင်း စိတ်ချပြီး အရာရာတိုင်းတွင် ကောင်းမွန်စွာ ပြုမူနေထိုင်လိုစိတ်ရှိကြ၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။