Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ဘုရားသခင်​သည် လူသေများ​ကိုပင် ထမြောက်​စေနိုင်ကြောင်း အာဗြဟံ​သည် ဆင်ခြင်​သုံးသပ်ခဲ့၏။ ပုံဥပမာ​အားဖြင့် ဆိုရ​လျှင် ဣဇာက်​ကို သေခြင်း​မှ ပြန်လည်​ရရှိခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:19
10 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏ အကျိုးမဲ့​ပြောဆိုသော​စကားများ​အတွက် တရားစီရင်သော​နေ့ရက်​တွင် ဖြေရှင်းချက်​ပေးရ​လိမ့်မည်။


ယေရှု​သည် အိမ်​ထဲသို့​ဝင်တော်မူ​သောအခါ မျက်မမြင်​နှစ်ယောက်​သည် ကိုယ်တော်​ထံသို့ လာကြ၏။ ယေရှု​က “ငါ​သည်​သင်တို့​ကို မြင်စေနိုင်မည်​ဟု ယုံကြည်ကြ​သလော” ဟူ၍ မေးတော်မူ၏။ သူတို့​က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။


မည်သို့ပင်​ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေခြင်းတရား​သည် အစိုးရ၏။ ဘုရားသခင်​၏​ပညတ်တော်​ကို အာဒံ​ချိုးဖောက်​၍ အပြစ်​ကျူးလွန်သည့်​နည်းတူ မကျူးလွန်ခဲ့သော​သူတို့​ပင် သေကြရ၏။ အာဒံ​သည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်​၏ နမူနာပုံ​ဖြစ်၏။


ကျွန်ုပ်တို့​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်​ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်​သမျှသော​အရာ၊ ကြံစည်​သမျှသော​အရာတို့​ထက် အဆပေါင်း​များစွာ ပေးနိုင်သော ဘုရားသခင်​သည်


ခရစ်တော်​သည် စစ်မှန်သော​အရာ​၏ ပုံတူ​သာ​ဖြစ်သည့် လူတို့​လက်​ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာ​ဌာနတော်​ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့​ကိုယ်စား ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား​ရန် ကောင်းကင်ဘုံ​သို့ ဝင်တော်မူ၏။


ဤ​အခြင်းအရာတို့​သည် မျက်မှောက်ခေတ်​ကို ဖော်ညွှန်းသည့် ပုံဥပမာ​ဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထို​အပြစ်ဖြေရာ​ယဇ်များ​နှင့် ပူဇော်စရာများ​က ဝတ်ပြုသူတို့​အား မိမိတို့ ပြီးပြည့်စုံပြီ​ဟူ၍ လိပ်ပြာသန့်သန့်​ခံယူစေနိုင်စွမ်း​မရှိကြပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ