ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
၁ တိ 5:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှန်တကယ်ခိုကိုးရာမဲ့ဖြစ်သော မုဆိုးမများကို ရိုသေလျက် ကူညီထောက်ပံ့လော့။ Common Language Bible သင်သည်တစ်ကိုယ်ရေတစ်ကာယအမှန်ဖြစ် သောမုဆိုးမတို့အား ရိုသေသမှုကိုပြုလော့။- Garrad Bible ခို ရာ မဲ့ မု ဆိုး မ တို့ ကို ထောက် မ လော့။ Judson Bible မုဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။- မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမတို့တွင် အမှန်တကယ်မုဆိုးမဖြစ်သူတို့ကို ရိုသေကြလော့။ |
ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။
ယေရှုသည် မြို့အဝင်တံခါးအနီးသို့ ရောက်သောအခါ လူတို့သည် လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထုတ်ဆောင်လာကြ၏။ ထိုလူသေသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသော သားဖြစ်၏။ မြို့သူမြို့သားတို့သည်လည်း ထိုမုဆိုးမနှင့်အတူ လိုက်ပို့ကြ၏။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ထိုနေ့ရက်များ၌ ယုံကြည်သူများအရေအတွက်တိုးလာ၏။ ထိုအခါ ဂရိစကားပြောသောဂျူးတို့က မိမိတို့၏မုဆိုးမများသည် နေ့စဉ်ဝေသောအစားအစာများကို မရကြောင်း ဟေဗြဲစကားပြောသောဂျူးတို့အား အပြစ်တင်ကြ၏။
ထို့ကြောင့် ပေတရုသည် သူတို့နှင့် လိုက်သွားလေ၏။ အိမ်သို့ရောက်သောအခါ သူတို့က အပေါ်ထပ်အခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့သည် ပေတရုအနားတွင် ရပ်ကာငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ်က တဗိသချုပ်ပေးခဲ့သော အင်္ကျီနှင့်အဝတ်အစားများကို ပြကြလေ၏။
ပေတရုသည် မိမိလက်ကိုကမ်း၍ သူ့ကိုဆွဲထူပြီးလျှင် ယုံကြည်သူများနှင့် မုဆိုးမများကိုခေါ်ကာ အသက်ရှင်လျက်ရှိသောတဗိသကို သူတို့အား အပ်လေ၏။
ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ
အသက်ကြီးသောအမျိုးသမီးများကို မိခင်ကဲ့သို့လည်းကောင်း၊ အသက်ငယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စင်ကြယ်စွာ ပြုမူဆက်ဆံလော့။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
လူတိုင်းကိုလေးစားကြလော့။ ယုံကြည်သူညီအစ်ကိုမောင်နှမတို့ကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့၏ဇနီးသည်သည် ထာဝရအသက်ကျေးဇူးတော်ကို သင်တို့နှင့်အတူတကွ အမွေခံရသူကဲ့သို့ဖြစ်ပြီး အားနွဲ့သောမိန်းမသားဖြစ်ကြောင်း သိမှတ်နားလည်၍ တန်ဖိုးထားပေါင်းသင်းကြလော့။ ဤသည်မှာ သင်တို့၏ ဆုတောင်းခြင်းကို အတားအဆီးမရှိစေရန် ဖြစ်၏။