Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့​၏​ဇနီးသည်​သည် ထာဝရ​အသက်​ကျေးဇူးတော်​ကို သင်တို့​နှင့်​အတူတကွ အမွေခံရသူ​ကဲ့သို့​ဖြစ်ပြီး အားနွဲ့သော​မိန်းမသား​ဖြစ်ကြောင်း သိမှတ်​နားလည်​၍ တန်ဖိုးထား​ပေါင်းသင်းကြလော့။ ဤသည်​မှာ သင်တို့​၏ ဆုတောင်းခြင်း​ကို အတားအဆီး​မရှိ​စေရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို နည်း တူ လင် ဖြစ် သူ တို့ သင် တို့ ပ ဌ နာ များ ကို ကန့် ကွက် ခြင်း မ ရှိ စေ ရန် အား နည်း သူ အ ဖြစ် မိန်း မ နှင့် အ တူ အ သိ ပ ညာ အ လျောက် နေ ထိုင်၍ အ သက် ဆိုင် ရာ ကျေး ဇူး တော် ကို အ မွေ စား ဘက် အ ဖြစ် ထောက် ထား၍ လေး မြတ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​နည်း​တူ၊ ယောက်ျား​တို့၊ ဆု​တောင်း​ခြင်း​အ​မှု၌ အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​သက်​ရှင်​ခြင်း​ကျေး​ဇူး​တော်​ကို ဆက်​ဆံ၍ အ​မွေ​ခံ​ရ​သော​သူ​ချင်း​ကဲ့​သို့၊ သ​တိ​ပ​ညာ​နှင့် လျော်​စွာ ကိုယ်​ခင်​ပွန်း​နှင့်​အ​တူ​နေ၍၊ အား​နည်း​သော​သူ​ကို ပြု​သင့်​သည်​အ​တိုင်း သူ့​ကို စောင့်​မ​ပြု​စု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထိုနည်းတူ ခင်ပွန်းသည်​တို့၊ ဇနီးသည်​သည် မိန်းမသား​ဖြစ်​ပြီး သင်​တို့​ထက် အားနည်း​သော​သူ​ဖြစ်​ကြောင်း သိရှိ​နားလည်​၍ အသက်​နှင့်ဆိုင်သော​ကျေးဇူး​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​အဖြစ် တန်ဖိုးထား​လျက် အတူတကွ​ပေါင်းသင်း​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​၏​ဆုတောင်း​ချက်​များ တားဆီး​ခြင်း​မ​ခံရ​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:7
20 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ငါ​အမှန်​ဆိုရ​လျှင် လောက​တွင် သင်တို့​ထဲမှ လူ​နှစ်ဦးတို့​သဘောတူ​၍ ဆုတောင်း​လျှင် တောင်း​သမျှသော​ဆု​ကို ကောင်းကင်ဘုံ​ရှိ ငါ့​ခမည်းတော်​သည် ပေးသနားတော်မူ​လိမ့်မည်။


ခင်ပွန်း​ဖြစ်သူ​သည် ဇနီး​အပေါ် ခင်ပွန်းဝတ်​ကို ကျေပွန်​ရမည်​ဖြစ်ပြီး ဇနီး​ဖြစ်သူ​သည်လည်း ခင်ပွန်း​အပေါ် ဇနီးဝတ်​ကို ကျေပွန်​ရမည်။


ထို​လျှို့ဝှက်​နက်နဲသော​အရာ​မှာ လူမျိုးခြားတို့​သည် သတင်းကောင်း​ကို ယုံကြည်​သောကြောင့် ဂျူးလူမျိုးတို့​နှင့် အတူတကွ အမွေခံ​ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဂျူးလူမျိုးတို့​နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု​ခရစ်တော်​ကြောင့် ရရှိသော ကတိတော်​ကို ဂျူးလူမျိုးတို့​နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။


ရွေးနုတ်ခံရမည့်​နေ့​အတွက် သင်တို့​ကို တံဆိပ်​ခတ်နှိပ်တော်မူ​သော ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်တော်​ကို ဝမ်းမနည်းစေကြနှင့်။


မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


ခင်ပွန်းသည်တို့… သင်တို့​၏ ဇနီးသည်​ကို ချစ်ကြလော့။ ကြမ်းတမ်း​စွာ မပြုမူကြနှင့်။


သင်တို့ တစ်ဦးချင်းစီ​တိုင်း​သည် သန့်ရှင်း​မြင့်မြတ်​ပြီး ဂုဏ်သိက္ခာ​ရှိသော​နည်းလမ်း​ဖြင့် မိမိတို့​ကိုယ်ခန္ဓာ​ကို ချုပ်တည်း​တတ်ရမည်။


ဤသည်​မှာ ကျွန်ုပ်တို့​သည် ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ​အသက်​ကို အမွေခံ​နိုင်ရန်​ဖြစ်၏။


သို့ဖြစ်လျှင် ကောင်းကင်တမန်များ​သည် ကယ်တင်ခြင်း​အမွေခံမည့်​သူများ​ကို အစေခံ​ရန် ဘုရားသခင်​စေလွှတ်တော်မူသော အစေခံ​ဝိညာဉ်များ ဖြစ်ကြသည်​မဟုတ်လော။


ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ