တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
၁ တိ 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ထံသို့ အမြန်လာနိုင်ရန် မျှော်လင့်သော်လည်း ဤအရာများကို ဦးစွာ ရေးပို့လိုက်ပါ၏။ Common Language Bible ငါသည်ဤစာကိုရေးနေချိန်၌သင့်ထံသို့ မကြာမီလာရောက်ရန်မျှော်လင့်လျက်ရှိ၏။- Garrad Bible ငါ သည် သင့် ထံ မ ကြာ မီ ရောက် လာ မည် ဟု အောက် မေ့ သော် လည်း နှောင့် နှေး ခဲ့ လျှင် သ မ္မာ တ ရား၏ ထောက် ခံ ရာ ကွန်း တိုင် တည်း ဟူ သော အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် အ သင်း တော်၊ ဘု ရား သ ခင့် အိမ် တော် တွင် မည် သို့ ကျင့် ကြံ ရ မည် ကို သင် သိ စေ ရန် ဤ သို့ ရေး လိုက် ၏။ Judson Bible သင်ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်တော်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတံကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာများကို သင့်အား ငါရေးလိုက်ခြင်းမှာ သင့်ထံသို့အလျင်အမြန်လာနိုင်မည်ဟု မျှော်လင့်သော်လည်း |
တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ထံသို့ ပြန်လာချင်သောကြောင့် ကျွန်ုပ် ပေါလုကိုယ်တိုင် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် စာတန်သည် ကျွန်ုပ်တို့ကို တားဆီးခဲ့၏။
မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်သည် နာမည်ကောင်းရ၍ ယေရှုခရစ်တော်ကို ယုံကြည်သည့်အကြောင်း ရဲဝံ့စွာ ပြောနိုင်၏။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
ကျွန်ုပ်ရောက်မလာမီ ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်းတို့ကို အားထုတ်ဆောင်ရွက်လော့။
ထို့ပြင် ကျွန်ုပ်အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်၏ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို သင်တို့ထံ ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကျွန်ုပ်မျှော်လင့်သောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေသည် ထောင်မှ လွတ်မြောက်ပြီဖြစ်ကြောင်း သင်တို့အား သိစေလို၏။ မကြာမီ သူရောက်လာပါက သင်တို့နှင့် တွေ့ဆုံရန် ကျွန်ုပ်လာသောအခါ သူ့ကိုပါ ခေါ်ခဲ့မည်။
ကျွန်ုပ်သည် သင်တို့ထံ ရေးစရာများစွာ ရှိသော်လည်း စက္ကူပေါ်၌ မင်နှင့် မရေးလို။ ထိုအစား ကျွန်ုပ်တို့အပြည့်အဝဝမ်းမြောက်နိုင်ရန် သင်တို့ထံသို့ လာ၍ မျက်နှာချင်းဆိုင် စကားပြောရန် ကျွန်ုပ်မျှော်လင့်ထား၏။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။