Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့ပြင် ကျွန်ုပ်​အတွက် တည်းခိုစရာ​နေရာ​ကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်​၏ ဆုတောင်းခြင်း​အားဖြင့် ဘုရားသခင်​သည် ကျွန်ုပ်​ကို သင်တို့​ထံ ပြန်လည်​ရောက်ရှိ​စေတော်မူမည်​ဟု ကျွန်ုပ်​မျှော်လင့်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ၎င်း ပြင် သင် ပ ဌ နာ ပြု ချက် များ ကြောင့် ငါ့ ကို သင့် ထံ ပို့ တော် မူ လိမ့် မည် ဟု ငါ မြော် လင့် သည့် အ လျောက် ငါ့ တည်း ခို ရာ ပြင် ဆင် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​မှ​တစ်​ပါး၊ ငါ​တည်း​ခို​စ​ရာ​အ​ရပ်​ကို​လည်း ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဆု​တောင်း ပ​တ္ထ​နာ​ပြု​သော​အား​ဖြင့် သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 တစ်ချိန်တည်း​မှာပင် ငါ့​အတွက် တည်းခို​စရာ​နေရာ​ကို​လည်း ပြင်ဆင်​ထား​ပါ​လော့။ အကြောင်းမူကား သင်​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် သင်​တို့​ထံသို့​ရောက်ရှိ​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​ဟု ငါ​မျှော်လင့်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:22
13 ပူးပေါင်းရင်းမြစ်များ  

‘ပေါလု… မကြောက်နှင့်။ သင်​သည်​ဆီဇာဘုရင်​ရှေ့မှောက်​သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်​သည် သင်​နှင့်အတူ​ရွက်လွှင့်သော​သူ​ရှိသမျှတို့​အား အသက်ဘေး​မှ လွတ်ခွင့်​ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။


ထို့နောက် သူတို့​သည် ပေါလု​နှင့်​တွေ့ဆုံ​ရန် ရက်ချိန်း​ရွေး​ကြ၏။ ချိန်းသည့်​နေ့​ရောက်သော် သူတို့​သည် လူပေါင်း​များစွာ​နှင့်တကွ ပေါလု​တည်းခိုရာ​နေရာ​သို့​ရောက်လာကြ၏။ ပေါလု​သည် နံနက်​အချိန်​မှ ည​အချိန်​တိုင်အောင် ထို​သူတို့​အား ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံလေ၏။ မောရှေ​၏​ပညတ်တရား​နှင့် ပရောဖက်ကျမ်းများ​ကိုလည်း ကိုးကား​၍ ယေရှု​အကြောင်း​ကို လက်ခံယုံကြည်​လာရန် ကြိုးစား​ဟောပြောလေ၏။


စပိန်ပြည်​သို့ ကျွန်ုပ်​သွား​သောအခါ သင်တို့​ထံ ဝင်ရောက်​တွေ့ဆုံမည်​ဟု စီစဉ်ထား၏။ သင်တို့​ထံ ဝမ်းမြောက်​စွာ ခေတ္တ​တည်းခိုနေထိုင်​ပြီးနောက် ခရီးဆက်​နိုင်ရန်​အတွက်​လည်း သင်တို့ ကူညီမည်​ဟု မျှော်လင့်ပါ၏။


သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏ ဆုတောင်းခြင်း​နှင့် ယေရှု​ခရစ်တော်​၏ ဝိညာဉ်တော်​ကူညီမစခြင်းတို့​ဖြင့် ဤ​အခြေအနေ​မှ ကျွန်ုပ်​လွတ်မြောက်မည်​ကို သိ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ကိုယ်တိုင်​လည်း သင်တို့​ထံသို့ မကြာမီ​ရောက်လာမည်​ဟု သခင်ဘုရား​ကြောင့် ကျွန်ုပ် ယုံကြည်​စိတ်ချ၏။


သင်တို့​ထံ ကျွန်ုပ်​အမြန်ဆုံး ပြန်လာ​နိုင်ရန်​အတွက် ဆုတောင်းပေးကြလော့​ဟု အထူး​တိုက်တွန်းပါ၏။


ကျွန်ုပ်တို့​၏​ညီအစ်ကို တိမောသေ​သည် ထောင်​မှ လွတ်မြောက်ပြီ​ဖြစ်ကြောင်း သင်တို့​အား သိစေလို၏။ မကြာမီ သူ​ရောက်လာ​ပါက သင်တို့​နှင့် တွေ့ဆုံ​ရန် ကျွန်ုပ်​လာ​သောအခါ သူ့​ကိုပါ ခေါ်ခဲ့မည်။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


ကျွန်ုပ်​သည် သင်တို့​ထံ ရေးစရာ​များစွာ ရှိ​သော်လည်း စက္ကူ​ပေါ်၌ မင်​နှင့် မရေးလို။ ထို​အစား ကျွန်ုပ်တို့​အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် သင်တို့​ထံသို့ လာ​၍ မျက်နှာချင်းဆိုင် စကားပြော​ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


ထို​အစား သင်​နှင့် မကြာမီ​တွေ့​၍ မျက်နှာချင်းဆိုင် စကားပြော​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ