Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 3:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 မိမိ​တာဝန်​ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်​သည် နာမည်ကောင်း​ရ​၍ ယေရှု​ခရစ်တော်​ကို ယုံကြည်သည့်​အကြောင်း ရဲဝံ့​စွာ ပြောနိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ကောင်း မွန် စွာ ဆောင် ရွက် သော ထို သူ တို့ သည် ကောင်း သော အ ခြေ အ နေ ကို ရ သည့် ပြင် ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း အ မှု ကို အ လွန် ရဲ ရင့် စွာ ပြု တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:13
17 ပူးပေါင်းရင်းမြစ်များ  

လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


သူ​၏ သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော​တာဝန်များ​ကို သင့်​အား ငါ​လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။


သူ​က ‘ကောင်းပေ၏။ သင်​သည်​အစေခံကောင်း​ဖြစ်၏။ အမှုကိစ္စ​ငယ်လေး​တွင်ပင် သင်​သည် သစ္စာရှိ​သောကြောင့် မြို့ကြီး​ဆယ်မြို့​ကို အုပ်ချုပ်လော့’ ဟု ဆို၏။


လှေကား​နားသို့​ရောက်​သောအခါ လူထု​၏​ဆူပူသောင်းကျန်းမှု​သည် အလွန်​ပြင်းထန်လာ​သောကြောင့် စစ်သားများ​သည် ပေါလု​ကို ထမ်း​၍ ခေါ်သွားကြရ၏။


ထိုသို့ တရားလွှတ်တော်​၌ ထိုင်သော​သူ​ရှိသမျှတို့​သည် သတေဖန်​ကို စိုက်ကြည့်လေ​သော် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​မျက်နှာ​ကဲ့သို့​ဖြစ်သည်​ကို မြင်တွေ့ကြ၏။


တမန်တော်တို့​ပြောသော​အရာများ​ကို ယုံကြည်သူများ​အားလုံး​သည် နှစ်သက်ကြ​လျက် ယုံကြည်ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​လည်းကောင်း ပြည့်စုံသော​သတေဖန်​နှင့်တကွ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် ဂျူးဘာသာဝင်​ဖြစ်လာသူ အန္တိအုတ်မြို့သား​နိကောလ​တို့​ကို ရွေးချယ်ကြ၏။


သတေဖန်​သည် ကျေးဇူးတော်​နှင့်လည်းကောင်း၊ တန်ခိုးတော်​နှင့်လည်းကောင်း ပြည့်ဝ​လျက် ကြီးမားသော​အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် နိမိတ်​လက္ခဏာများ​ကို လူများ​ရှေ့​တွင် ပြု၏။


ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


ကျွန်ုပ်​အကျဉ်းချခံရခြင်း​ကြောင့် အများစုသော ညီအစ်ကို​မောင်နှမတို့​သည် သခင်ဘုရား​အပေါ် စိတ်ချယုံကြည်​လျက် မကြောက်ရွံ့ဘဲ သတင်းကောင်း​ကို ဟောပြော​ရန် ပိုမို​ရဲရင့်လာကြ၏။


ကျွန်ုပ်တို့​သည် ဖိလိပ္ပိမြို့​၌ ဒုက္ခ​ဆင်းရဲခြင်း​နှင့် ညှဉ်းပန်း​နှိပ်စက်ခြင်း​များ​ကို ခံခဲ့ကြောင်း သင်တို့​သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူ​သောကြောင့် ပြင်းထန်သည့် ဆန့်ကျင်​တိုက်ခိုက်မှု​ကြား​ကပင် ကိုယ်တော်​၏ သတင်းကောင်း​ကို သင်တို့​ထံ ရဲဝံ့​စွာ ဟောပြောခဲ့ကြ၏။


သင့်​ထံသို့ အမြန်​လာ​နိုင်ရန် မျှော်လင့်​သော်လည်း ဤ​အရာများ​ကို ဦးစွာ ရေးပို့လိုက်ပါ၏။


ကျွန်ုပ်​၏​သား တိမောသေ… ယေရှု​ခရစ်တော်​ပေးတော်မူသော ကျေးဇူးတော်​ဖြင့် ကြံ့ခိုင်လော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ