၁ တိ 1:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်ကို ဆက်၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်စွာ နေလော့။ အချို့သောသူတို့သည် မိမိတို့၏အသိတရားကို လျစ်လျူရှုခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းသည် သင်္ဘောပျက်သဖွယ် ဖြစ်လာ၏။ Common Language Bible သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။- Judson Bible ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ။ |
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံလိုသော သင်တို့သည် ခရစ်တော်နှင့် အဆက်ပြတ်၍ ဘုရားသခင်၏ ကျေးဇူးတော်လက်အောက်တွင် မရှိကြတော့ပေ။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
သူတို့သည် ယုံကြည်ခြင်းတရား၏ လျှို့ဝှက်နက်နဲသောအမှန်တရားကို လိပ်ပြာသန့်သန့်ဖြင့် ဆက်လက်ယုံကြည်သူများဖြစ်ရမည်။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
ဤအရာများကို လက်ခံသူတချို့သည် ယုံကြည်ခြင်းတရားလမ်းမှ လွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ပထမစောင် ပြီးပါပြီ။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ခံရခြင်း၊ ထောင်ချောက်မိခြင်း၊ မိုက်မဲ၍ အန္တရာယ်ရှိသော တပ်မက်ခြင်းစသည်တို့ထဲသို့ ကျရောက်တတ်၏။ ထိုအရာများသည် လူတို့ကို အကြွင်းမဲ့ ပျက်စီးဆုံးရှုံးစေ၏။
သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။
သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အားနည်းသော်လည်း ငါ၏သွန်သင်ချက်ကို လိုက်နာ၍ ငါ၏တပည့်တော်ဖြစ်ကြောင်းကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်ရှေ့မှာ တံခါးကို ငါဖွင့်ထားပြီ။ ထိုတံခါးကို မည်သူမျှမပိတ်နိုင်။