“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
၁ တိ 1:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမှန်ကန်သောအယူဝါဒသည် မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ ဘုန်းကြီးသော သတင်းကောင်းနှင့် ညီ၏။ ထိုသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်သည် ကျွန်ုပ်ကို တာဝန်ပေးတော်မူ၏။ Common Language Bible ဤသွန်သင်ချက်သည်ဘုန်းအသရေနှင့်ပြည့် ဝ၍ မင်္ဂလာရှိတော်မူသောဘုရားသခင်ထံ တော်မှလာသည့်သတင်းကောင်းအတိုင်းဖြစ် ပေသည်။ ထိုသတင်းကောင်းကိုကြေညာရန် ငါ့အားပေးအပ်တော်မူ၏။ Judson Bible ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့် ညီသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား မင်္ဂလာရှိတော်မူသောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်းနှင့် ကိုက်ညီ၏။ ထိုကောင်းမြတ်သောသတင်းကို ငါ့အားယုံကြည်အပ်နှံထားတော်မူပြီ။ |
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
သို့သော် သူတို့သဘောပေါက်ကြသည်မှာ ပေတရုသည် ဂျူးလူမျိုးတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရသကဲ့သို့ ကျွန်ုပ်သည် လူမျိုးခြားတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရကြောင်း ဖြစ်၏။
ဤသည်မှာ ခရစ်တော်ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား အပြည့်အစုံဟောပြောရန် ကိုယ်တော်သည် သင်တို့အတွက် ကျွန်ုပ်အား တာဝန်ပေး၍ ခန့်ထားတော်မူသဖြင့် ကျွန်ုပ်သည် အသင်းတော်၏ အမှုဆောင်ဖြစ်လာ၏။
ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ထိုက်သူများအဖြစ် လက်ခံတော်မူသည်နှင့်အညီ သတင်းကောင်း ဟောပြောရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူကို ကျေနပ်စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို စစ်ဆေးတော်မူသော ဘုရားသခင်ကို ကျေနပ်စေရန် ဟောပြောကြ၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောအရှင်၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်သည် အချိန်တန်သောအခါ ယေရှုခရစ်တော်ကို ပေါ်ထွန်းစေတော်မူလိမ့်မည်။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
ဤသတင်းကောင်းအတွက် တရားဟောဆရာ၊ တမန်တော်နှင့် ဆရာအဖြစ် ကျွန်ုပ်ကို ခန့်ထားတော်မူပြီ။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
ဘုရားသခင်သည် အချိန်တန်သောအခါ လူ၏ဟောပြောခြင်းနည်းဖြင့် တရားတော်ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်သည် ကယ်တင်ရှင်ဘုရားသခင်၏ အမိန့်တော်ဖြင့် ဤတရားတော်ကို ဟောပြော၏။