ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ လည်းကောင်း၊ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့လည်းကောင်း ပြောင်းလဲလာသောအခါ “သေခြင်းတရားသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ” ဟု ရေးထားသောကျမ်းအတိုင်း ဖြစ်လာလိမ့်မည်။
၁ ကော 9:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အားကစားသမားတိုင်းသည် လေ့ကျင့်ရာတွင် အရာရာ၌ မိမိကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထိုသူတို့သည် ပျောက်ကွယ်ပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။ ကျွန်ုပ်တို့မှာမူ ထာဝရမပျောက်ကွယ်မပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။ Common Language Bible ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။- Garrad Bible ပြိုင် ပွဲ ဝင် သူ တိုင်း လည်း ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ အ ရာ ရာ၌ ခြိုး ခြံ တတ် ၏။ ငါ တို့ မူ ကား မ ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ တည်း။ Judson Bible ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပြိုင်ပွဲဝင်သောသူတိုင်းသည် အရာရာ၌ မိမိကိုယ်ကိုချုပ်တည်းတတ်၏။ သူတို့သည် ယိုယွင်းပျက်စီးတတ်သော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ ငါတို့မူကား ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ |
ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ လည်းကောင်း၊ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့လည်းကောင်း ပြောင်းလဲလာသောအခါ “သေခြင်းတရားသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ” ဟု ရေးထားသောကျမ်းအတိုင်း ဖြစ်လာလိမ့်မည်။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း စသည်တို့ဖြစ်၏။ ဤအရာများပြုမူခြင်းကို တားမြစ်သော ပညတ်တရားဟူ၍ မရှိပေ။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
သူသည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှုကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။
အသက်ကြီးသောအမျိုးသားတို့အား ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ သိက္ခာရှိသူ၊ မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စစ်မှန်သောယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့နှင့်ပြည့်ဝသူ ဖြစ်ရန် အကြံပေးလော့။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေကိုလည်း ရရှိစေတော်မူ၏။ ဤအမွေကို သင်တို့အတွက် ကောင်းကင်ဘုံ၌ ထိန်းသိမ်းထား၏။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။
အသိပညာ၌ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားတရားကိုင်းရှိုင်းခြင်းကိုလည်းကောင်း၊
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်ရှေ့၌ ဝပ်တွားခယ၍ အစဉ်ထာဝရအသက်ရှင်တော်မူသောအရှင်ကို ကိုးကွယ်ကြ၏။ ထိုအကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် မိမိတို့၏သရဖူများကို ရာဇပလ္လင်တော်ရှေ့၌ ချထားလျက်
ရာဇပလ္လင်တော်ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ဦးခေါင်းများပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။