Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:54 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

54 ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မပုပ်ပျက်​နိုင်သော​ခန္ဓာ​အဖြစ်သို့ လည်းကောင်း၊ သေတတ်သော​ခန္ဓာ​သည် မသေနိုင်သော​ခန္ဓာ​အဖြစ်သို့​လည်းကောင်း ပြောင်းလဲလာ​သောအခါ “သေခြင်း​တရား​သည် အောင်မြင်ခြင်း​၌ နစ်မြုပ်လေပြီ” ဟု ရေးထားသော​ကျမ်း​အတိုင်း ဖြစ်လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 ထို သို့ ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရာ၌ သေ မင်း ကို အောင် မြင် ပယ် ဖျက် လေ ပြီ ဟူ သော ကျမ်း ချက် သည် အ တည် ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:54
12 ပူးပေါင်းရင်းမြစ်များ  

ထပ်မံ၍​လည်း သေဆုံးကြမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ကောင်းကင်တမန်များ​ကဲ့သို့​ဖြစ်ကြ၏။ သူတို့​သည် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားရမည့် သားသမီးများ​ဖြစ်သည်​နှင့်အညီ ဘုရားသခင်​၏​သားသမီးများ​လည်း ဖြစ်ကြ၏။


ဘုန်းကြီး​၍ ထာဝရ​အသက်ရှင်သော ဘုရားသခင်​ကို ကိုးကွယ်ရမည့်​အစား သေမျိုး​ဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်း​သတ္တဝါများ​နှင့် တွားသွား​သတ္တဝါများ​၏ ပုံတူ​ရုပ်တုများ​ကို ထုလုပ်​ကိုးကွယ်လာကြ၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


ထို့ကြောင့် အပြစ်​ပြုလိုစိတ်​နောက်သို့ မလိုက်မိ​စေရန် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကို အပြစ်တရား​အား အစိုးမရစေနှင့်။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သေမျိုး​ဖြစ်သော ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​၌ ယေရှု​အသက်ရှင်တော်မူကြောင်း ပေါ်လွင်​ထင်ရှား​နိုင်ရန် အသက်ရှင်​စဉ်​ကာလ​တွင် ကျွန်ုပ်တို့​သည် ယေရှု​ကို​အစေခံ​၍ အစဉ်မပြတ် သေဘေး​နှင့် ရင်ဆိုင်​ကြရ၏။


ကျွန်ုပ်တို့​သည် ဤ​လောကီ​ခန္ဓာ​တွင် ရှိနေ​စဉ် လေးလံသော​ဝန်​ကို ထမ်းရ​သောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်​မှာ ဤ​လောကီ​ခန္ဓာ​မှ ထွက်ခွာ​လို​သောကြောင့် မဟုတ်ဘဲ သေတတ်သော​အရာ​ကို ထာဝရ​အသက်ရှင်ခြင်း​ဖြင့် အစားထိုး​နိုင်ရန် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို ဝတ်ဆင်​လို​သောကြောင့် ဖြစ်၏။


ကြွလာတော်မူသော​နေ့​၌ ကိုယ်တော်​သည် ယုံကြည်သူတို့​အတွက် ပြုသော​အမှု​ကြောင့် ယုံကြည်သောသူ​အားလုံး​အလယ်​၌ ဘုန်းထင်ရှား​၍ အံ့အားသင့်​ခံရ​လိမ့်မည်။ သင်တို့​သည် ထို​အရှင်​အကြောင်း ကျွန်ုပ်တို့​၏ သက်သေခံချက်​ကို ယုံကြည်​သဖြင့် ထို​သူတို့​အထဲ​တွင် ပါဝင်ကြ၏။


ထို့နောက် သေခြင်း​နှင့် မရဏ​နိုင်ငံ​သည် မီးအိုင်​ထဲသို့ ပစ်ချ​ခံခဲ့ရ၏။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏။


ကိုယ်တော်​သည် သူတို့​၏ မျက်လုံး​မှ မျက်ရည်​ရှိသမျှ​ကို သုတ်တော်မူ​လိမ့်မည်။ သေခြင်း၊ ညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်း​တို့​သည် မရှိတော့ပေ။ ရှေးယခင်​က ဖြစ်ခဲ့သော​အရာတို့​သည် ကွယ်ပျောက်ကြပြီ” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ