ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
၁ ကော 9:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သတင်းကောင်းကို ဟောပြောသောသူတို့သည် ထိုသတင်းကောင်းအားဖြင့် အသက်မွေးခွင့်ရှိကြောင်း သခင်ဘုရားမိန့်တော်မူခဲ့၏။ Common Language Bible ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။ Garrad Bible ထို နည်း တူ ပင် သ တင်း တော် မြတ် ကို ကြော် ငြာ သူ တို့ သည် ထို သ တင်း တော် အား ဖြင့် အ သက် မွေး ခွင့် ရ စေ ရန် အ ရှင် ဘု ရား စီ မံ တော် မူ ၏။ Judson Bible ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ကောင်းမြတ်သောသတင်းကို ဟောပြောသောသူတို့သည်လည်း ကောင်းမြတ်သောသတင်းအားဖြင့် အသက်မွေးကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့၏။ |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။
မြို့တစ်မြို့သို့ ဝင်သောအခါ ထိုမြို့သားတို့သည် သင်တို့ကို ကြိုဆိုလျှင် သင်တို့ရှေ့တွင် တည်ခင်းသမျှကို သုံးဆောင်ကြလော့။
လုပ်ငန်းချင်းတူသောကြောင့် သူတို့နှင့်အတူနေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့မှာ တဲချုပ်သူများဖြစ်ကြ၏။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
ကျွန်ုပ်တို့သည် သင်တို့ထံ၌ ဝိညာဉ်ရေးရာ မျိုးစေ့ကို စိုက်ပျိုးခဲ့သည်ဖြစ်လျှင် သင်တို့ထံမှ ခန္ဓာရေးရာအစားအသောက်ကို ရိတ်သိမ်းခြင်းက လွန်ရာကျသလော။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
သို့သော်လည်း သတင်းကောင်းကို ဟောပြောခြင်းသည် ကျွန်ုပ်အတွက် ကြွားဝါစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ မဖြစ်မနေဟောပြောရမည့်တာဝန်ရှိသောကြောင့်ဖြစ်၏။ ထိုသတင်းကောင်းကို မဟောပြောလျှင် ကျွန်ုပ်သည် အမင်္ဂလာရှိ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ရောက်ခဲ့၏။ ရောက်သောအခါ သခင်ဘုရားသည် မိမိ၏ အမှုတော်ကို ကျွန်ုပ်အား ဆောင်ရွက်စေရန် ကျွန်ုပ်အတွက် အခွင့်အရေးတံခါးကို ဖွင့်ပေးတော်မူ၏။
နှုတ်ကပတ်တရားတော်ကို သင်ယူသောသူသည် သင်ကြားပေးသော မိမိဆရာသမားအား ကောင်းသောအရာဟူသမျှကို ဝေမျှ၍ ထောက်ပံ့ရမည်။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။