Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 9:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့သော်လည်း ကျွန်ုပ်​သည် ထို​အခွင့်အရေး​ကို တစ်ခါ​မျှ မယူခဲ့ဖူးပေ။ ထို​အခွင့်အရေး​ကို သင်တို့​ပေးမည်​ဟု မျှော်လင့်​၍ ဤ​စာ​ကို ရေးရခြင်း​လည်း မဟုတ်ပါ။ အမှန်​တွင် အခကြေးငွေ​မယူဘဲ ဟောပြောခြင်း​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားရသော​အခွင့်​ကို ဆုံးရှုံးသည်​ထက် သေသွားခဲ့​လျှင်ပင် ပို၍ ကောင်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သို့ ရာ တွင် ငါ သည် ထို သို့ သော အ ခွင့် ကို မ သုံး၊ သုံး လို ၍ လည်း ဤ သို့ ရေး လိုက် သည် မ ဟုတ်။ ငါ ဂုဏ် ရောက် ခွင့် ကို တစ် ယောက် ယောက် ပယ် ဖျက် သည် ထက် ငါ သေ သော် ကောင်း လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​သည် အ​လျှင်း​မ​သုံး။ သင်​တို့​သည် ငါ့​အား ထို​သို့​ပြု​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ရေး​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို သူ​တစ်​ပါး​ဖျက်​ဆီး​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့သော် ငါ​သည် ဤ​အခွင့်​တစ်စုံတစ်ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထိုသို့​ပြု​စေ​လို​၍ ဤ​အရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ကို သူတစ်ပါး​က အချည်းနှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:15
14 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။


ကျွန်ုပ်တို့​သည် အဖိုးအခ​မပေးဘဲ မည်သူ​တစ်ဦးတစ်ယောက်​၏ အစားအစာ​ကိုမျှ မစားခဲ့ကြ။ သင်တို့​တစ်ဦးတစ်ယောက်​ကို​မျှ ကျွန်ုပ်တို့​ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်​စေရန် နေ့ရောညပါ ကြိုးစား​၍ အလုပ်​လုပ်ခဲ့ကြ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


ကျွန်ုပ်​နှင့် လုပ်ဖော်ကိုင်ဖက်များ​၏​လိုအပ်သော​အရာများ​အတွက် ကျွန်ုပ်​ကိုယ်တိုင် အလုပ်​လုပ်​၍ ထောက်ပံ့နိုင်ခဲ့သည်​ကို သင်တို့​သိကြ၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


လုပ်ငန်းချင်း​တူသောကြောင့် သူတို့​နှင့်အတူ​နေ​၍ အလုပ်လုပ်လေ၏။ ထို​သူတို့​မှာ တဲချုပ်သူများ​ဖြစ်ကြ၏။


မိမိတို့​စားဝတ်နေရေး​အတွက် မိမိတို့​လက်​ဖြင့် ပင်ပန်း​စွာ လုပ်ကိုင်ကြ၏။ မိမိတို့​ကို ကျိန်ဆဲသော​သူတို့​အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်း​ကို ခံရ​သောအခါ သည်းခံကြ၏။


သို့သော် ရှောလု​သည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်​ကာ အမျိုးသား၊ အမျိုးသမီးများ​ကို ဆွဲထုတ်​၍ ထောင်​ထဲသို့​ပို့ခြင်း​ဖြင့် အသင်းတော်​ကို ဖျက်ဆီးလေ၏။


ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​အား မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။


ကျွန်ုပ်​သည် မည်သူ​၏​ရွှေ၊ ငွေ​နှင့် အဝတ်အစား​ကိုမျှ မတပ်မက်ပါ။


သို့ဖြစ်​လျှင် ကျွန်ုပ်​၏ ဆုလာဘ်​မှာ မည်သည့်​အရာ​ဖြစ်သနည်း။ ဤ​အရာ​မှာ အခကြေးငွေ​မယူဘဲ သတင်းကောင်း​ကို ဟောပြောခြင်း​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြော​သောအခါ ကျွန်ုပ်​ရထိုက်သော​အခွင့်အရေး​ကို အပြည့်အဝ​မတောင်းဆိုဘဲ​နေခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ