ယေရှုက “ ‘အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်၏။
၁ ကော 8:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။ Common Language Bible ထို့ကြောင့်ရုပ်တုကိုပူဇော်သည့်အစားအစာ နှင့်ပတ်သက်၍ပြောရသော် ရုပ်တုဟူသည်မှာ သက်ရှင်လှုပ်ရှားမှုမရှိကြောင်းကိုလည်း ကောင်း၊ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။- Garrad Bible သို့ ဖြစ်၍ ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား သုံး ဆောင် မှု ကို ထောက်၍ ဆို သော် ဤ လော က တွင် ရုပ် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း၊ တစ် ဆူ တည်း ပြင် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ ၏။ Judson Bible ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက် ဖြစ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အဘယ်ဘုရားသခင်မျှ မရှိသည်ကိုလည်းကောင်း၊ ငါတို့သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။ |
ယေရှုက “ ‘အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
အဘယ်ကြောင့်ဆိုသော် အသိပညာရှိသောသင်သည် ရုပ်တုဆောင်အတွင်း၌ စားသောက်နေသည်ကို အသိစိတ်အားနည်းသူက မြင်တွေ့လျှင် ထိုသူသည် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားရန် ရဲဝံ့လာမည်မဟုတ်လော။
ထို့ကြောင့် ခရစ်တော် အသေခံပေးခဲ့သော ယုံကြည်သူဖြစ်သည့် ထိုအားနည်းသူသည် သင်၏ အသိပညာကြောင့် ပျက်စီးသွားရ၏။
ဘုရားသခင်ကို မသိခဲ့စဉ်က သင်တို့သည် သဘာဝအားဖြင့် ဘုရားမဟုတ်သော အရာများထံ ကျွန်ခံခဲ့ကြ၏။
ယုံကြည်သောသူအားလုံး၏ အဖ ဖြစ်တော်မူသော ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအပေါ် အုပ်စိုးတော်မူ၏။ ကျွန်ုပ်တို့အားလုံးကို အသုံးပြု၍ လုပ်ဆောင်တော်မူပြီး ကျွန်ုပ်တို့အားလုံးအထဲ၌ ရှိတော်မူ၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်ကာလအစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိနှင့် အာဏာစက်တို့ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒဩဝါဒစာ ပြီးပါပြီ။