တမန်တော်ဝတ္ထု 19:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း26 သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။ အခန်းကိုကြည့်ပါ။Common Language Bible26 ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible26 ယ ခု မှာ သင် တို့ ကြား နာ သိ မြင် ကြ သည့် အ တိုင်း ဧ ဖက် မြို့ တွင် သာ မ ဟုတ်၊ အာ ရှိ ပြည် လုံး ကျွတ် မ တတ် ပေါ လု ဆို သော ဤ သူ က လက် ဖြစ် ဘု ရား များ သည် ဘု ရား မ ဟုတ် ဟူ၍ အ များ တို့ ကို သွေး ဆောင် သ ဖြင့် ရွေ့ လျော့ စေ သည့် အ တွက်၊ အခန်းကိုကြည့်ပါ။Judson Bible26 ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တစ်လျှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။ အခန်းကိုကြည့်ပါ။ |
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။