သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
၁ ကော 7:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသင် အမျိုးသမီး… သင်၏ ခင်ပွန်းသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်၏ ဇနီးသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ Common Language Bible အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ Garrad Bible အ ချင်း မ ယား ဖြစ် သူ၊ လင် ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ အ ချင်း လင် ဖြစ် သူ၊ မ ယား ကို သင် ကယ် တင် မည်၊ မ ကယ် တင် မည် ကို မည် သို့ သိ နိုင် သ နည်း။ Judson Bible အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း အသင်မိန်းမ၊ သင်သည် မိမိလင်ယောက်ျားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ အသင်ယောက်ျား၊ သင်သည် မိမိမယားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ |
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။
သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။