ထိုအခါ တပည့်တော်တို့က ယေရှုသည် မုန့်တွင်ထည့်သောတဆေးကို သတိပြုရန် ပြောဆိုသည်မဟုတ်ဘဲ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ မှားယွင်းစေသောသွန်သင်ချက်ကို သတိပြုရန် ပြောဆိုကြောင်း နားလည်ကြ၏။
၁ ကော 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မကောင်းမှုနှင့် ဆိုးယုတ်မှုဟူသော တဆေးဟောင်းပါသည့်မုန့်နှင့် မဟုတ်ဘဲ ဖြူစင်မှုနှင့် မှန်ကန်မှုဟူသော တဆေးမပါသည့် မုန့်နှင့် ပသခါပွဲတော်ကို ကျင်းပကြပါစို့။ Common Language Bible သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။ Garrad Bible တ ဆေး ဟောင်း သော် လည်းကောင်း၊ ယုတ် မာ ခြင်း၊ ဆိုး သွမ်း ခြင်း တ ဆေး သော် လည်း ကောင်း မ ပါ ဘဲ တ ဆေး ကင်း သော ကြည် လင် ခြင်း၊ သ စ္စာ စောင့် ခြင်း ဖြင့် ထို ပွဲ ကို ခံ ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် တဆေးဟောင်းတည်းဟူသော ဆိုးညစ်ခြင်းနှင့်မလိုတမာဖြစ်ခြင်းတို့၏တဆေးပါသောမုန့်အားဖြင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်အားဖြင့် ပွဲတော်ကိုကျင်းပကြကုန်စို့။ |
ထိုအခါ တပည့်တော်တို့က ယေရှုသည် မုန့်တွင်ထည့်သောတဆေးကို သတိပြုရန် ပြောဆိုသည်မဟုတ်ဘဲ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ မှားယွင်းစေသောသွန်သင်ချက်ကို သတိပြုရန် ပြောဆိုကြောင်း နားလည်ကြ၏။
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
သင်တို့ထဲမှ လူတစ်ယောက်သည် မိထွေးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ဘုရားသခင်ကို မကိုးကွယ်သောသူများ၌ပင် ထိုကဲ့သို့ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း မရှိ။
သင်တို့၏ ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ အပြစ်သည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေသော တဆေးကဲ့သို့ဖြစ်သည်ကို သင်တို့မသိသလော။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။