ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
၁ ကော 1:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ဘုရားသခင်ရွေးချယ်တော်မူစဉ်က ရှိခဲ့သော သင်တို့၏ အခြေအနေကို ပြန်လည်ဆင်ခြင်ကြည့်လော့။ လူတို့အမြင်အရဆိုလျှင် သင်တို့ထဲတွင် ပညာရှင်များစွာ မပါခဲ့ကြ။ ဩဇာကြီးသူများစွာ မပါခဲ့ကြ။ မြင့်မြတ်သူဟူ၍ များစွာ မပါခဲ့ကြ။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။- Garrad Bible ၎င်း ပြင် ညီ အစ် ကို တို့၊ သင် တို့၏ ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ ကို ထောက် ရှု ဦး လော့။ လော ကီ ပ ညာ ရှိ သူ၊ အ ကြီး အ ကဲ ဖြစ် သူ၊ အ မျိုး မြတ် သူ အ များ ပါ သည် မ ဟုတ်။ Judson Bible ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။ |
ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
ထိုသူသည် ဉာဏ်ရည်ထက်မြက်သောမြို့ဝန်မင်း သေရဂိပေါလု၏မိတ်ဆွေဖြစ်၏။ ထိုမြို့ဝန်မင်းသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာလို၍ ဗာနဗနှင့်ရှောလုကို ဖိတ်ခေါ်လေ၏။
သို့ရာတွင် လူတချို့သည် ပေါလုနှင့် ပေါင်းဖော်၍ ယုံကြည်သက်ဝင်သူများ ဖြစ်လာကြ၏။ ထိုသူတို့အထဲတွင် အာရေပါဂုတရားလွှတ်တော်အဖွဲ့ဝင် ဒယောနုသိနှင့် ဒမာရိအမည်ရှိသူ အမျိုးသမီးမှစ၍ အခြားသူများလည်း ပါဝင်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။
သို့ဖြစ်၍ ဤအရာများကို ပြောဆိုရာတွင် ကျွန်ုပ်တို့သည် လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားများဖြင့် မပြောဆို။ ဝိညာဉ်တော်က သင်ကြားပေးသော စကားများဖြင့်သာ ပြောဆိုကြ၍ ဝိညာဉ်ရေးရာအမှန်တရားများကို ဝိညာဉ်ရေးရာစကားလုံးများဖြင့် ရှင်းလင်းဖော်ပြကြ၏။
လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
ဤနေရာ၌ ရှိသော ယုံကြည်သူများ၊ အထူးသဖြင့် ဆီဇာဘုရင်၏ နန်းတော်၌ ရှိသောသူတို့က သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။