သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
၁ ကော 1:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းကို ခံရသောသူများအတွက်မူ ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်တော်ဖြစ်၏။ Common Language Bible သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။- Judson Bible သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။ |
သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
သို့သော်လည်း ဉာဏ်ပညာသည် မှန်ကန်ကြောင်း ၎င်း၏လုပ်ဆောင်မှုများက ဖော်ပြသည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။
လက်ဝါးကပ်တိုင်နှင့်ဆိုင်သော သတင်းစကားသည် ပျက်စီးမည့်သူတို့အတွက် မိုက်မဲသောသတင်းစကားဖြစ်၏။ ကယ်တင်ခြင်းခံရသည့် ကျွန်ုပ်တို့အတွက်မှာမူ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
ထိုခရစ်တော်ထံ၌ ဉာဏ်ပညာနှင့် အသိပညာတို့သည် ရတနာသိုက်သဖွယ် ဖုံးကွယ်လျက် ရှိကြ၏။