ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ဧဖက် 6:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။ Common Language Bible ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။- Garrad Bible ငါ တို့ တိုက် လှန် ရ သည် မှာ အ သွေး အ သား ဖြစ် သူ တို့ နှင့် မ ဟုတ်။ နတ် မင်း များ၊ အာ ဏာ ရှင် များ၊ ဤ မှောင် မိုက်၏ ဧ က ရာဇ် များ၊ ကောင်း ကင် နတ် ဆိုး များ နှင့် တိုက် လှန် ရ ကြ သည် ဖြစ်၍၊ Judson Bible အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။ |
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
လောကီရေးရာကိုစိုးရိမ်ခြင်း၊ စည်းစိမ်၏ဖြားယောင်းခြင်းနှင့် အခြားတပ်မက်ခြင်းတို့က ထိုတရားစကားကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်ကြ။
ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ နတ်မင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ မည်သည့်ဖန်ဆင်းခံကမျှ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။
ခရစ်တော်သည် ထိုကောင်းကင်အရပ်တွင် အုပ်ချုပ်သူများ၊ အာဏာရှိသူများ၊ တန်ခိုးရှင်များ၊ အုပ်စိုးပိုင်ခွင့်ရှိသူများနှင့် မျက်မှောက်ကာလ၌သာမက အနာဂတ်ကာလ၌လည်း ခေါ်ဝေါ်ခြင်းခံရသည့် ဘွဲ့နာမများအားလုံးတို့၏ အထက်တွင် ရှိတော်မူ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
အုပ်စိုးမှုနှင့် အာဏာစက်များ၏ တန်ခိုးကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်တွင် အောင်ပွဲခံ၍ လူရှေ့သူရှေ့တွင် အရှက်ရစေတော်မူ၏။
ထို့ကြောင့် ဤမျှလောက် များသောသက်သေတို့သည် ကျွန်ုပ်တို့ကို တိမ်တိုက်ကဲ့သို့ ဝန်းရံထားသောကြောင့် ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးအားလုံးကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များကိုလည်းကောင်း ဖယ်ရှားကာ ရှေ့၌ ရှိသော ပန်းတိုင်သို့ ဇွဲလုံ့လဖြင့် ပြေးကြစို့။
သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။