အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
ဧဖက် 4:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။ Common Language Bible သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။ Garrad Bible တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။ Judson Bible အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။ |
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်းသွေးဆောင်ရာသို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
သူသည် သင့်ကို တစ်နေ့တွင် ခုနစ်ကြိမ်ပြစ်မှားလျက် ပြစ်မှားသည့်အကြိမ်တိုင်း ပြန်လာ၍ ‘ကျွန်ုပ်နောင်တရပါပြီ’ ဟု တောင်းပန်လျှင် သူ့ကို ခွင့်လွှတ်လော့” ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
တစ်ပါးသူတို့ကို အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း ဝေဖန်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့သည် ခွင့်လွှတ်ခြင်းကို ခံရလိမ့်မည်။
ကျွန်းသူကျွန်းသားများက ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာကြ၏။ မိုးရွာ၍ ချမ်းအေးသောကြောင့် သူတို့သည်မီးဖိုပေးလျက် ကျွန်ုပ်တို့အားလုံးကို ကြိုဆိုဧည့်ခံကြ၏။
တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုမဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာနမထားတတ်။
သင်တို့ ခွင့်လွှတ်သောသူကို ကျွန်ုပ်လည်း ခွင့်လွှတ်၏။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်စရာရှိ၍ ခွင့်လွှတ်လျှင် သင်တို့အကျိုးအတွက် ခရစ်တော်၏ရှေ့တော်၌ ခွင့်လွှတ်၏။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
သင်တို့သည် ဘုရားသခင်ချစ်တော်မူသောသားသမီးများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်ကို အတုယူကြလော့။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
ဘုရားတရားကိုင်းရှိုင်းခြင်း၌ ညီအစ်ကိုမောင်နှမချစ်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမချစ်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသီးသီးထပ်မံဖြည့်စွက်ရန် ကြိုးစားအားထုတ်ကြလော့။
သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များကို ဖွင့်ဟဝန်ခံပါက ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်များမှ ဖြေလွှတ်ကာ မတရားမှုအားလုံးမှ စင်ကြယ်စေတော်မူလိမ့်မည်။
သားသမီးတို့… သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံထားရသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။