ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ဧဖက် 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ဘုန်းတော် ကြွယ်ဝသည်နှင့်အညီ သင်တို့၏ အတွင်းစိတ်ကို ဝိညာဉ်တော်မှတစ်ဆင့် တန်ခိုးတော်ဖြင့် ကြံ့ခိုင်သန်မာစေတော်မူရန် ဆုတောင်း၏။ Common Language Bible ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။- Garrad Bible ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊ Judson Bible ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုနှင့်အညီ မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ဂျူးလူမျိုးအစစ်အမှန်မှာ ဘုရားသခင်ရှေ့တော်တွင် အတွင်းစိတ်နှလုံးမှန်ကန်သောသူဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်းမင်္ဂလာသည်လည်း စာဖြင့်ရေးထားသောပညတ်တရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး၌အရေပြားလှီးခြင်းဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှလာသော ချီးမွမ်းခြင်းကိုခံရ၏။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်နှင့်အညီ တန်ခိုးတော်အပေါင်းတို့ဖြင့် ခွန်အားဖြည့်ခံရသဖြင့် ဝမ်းမြောက်သောစိတ်ဖြင့် အလွန်စိတ်ရှည်စွာ အရာရာကို သည်းခံနိုင်ရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
ပြင်းထန်သော မီးတောက်များကို ငြိမ်းသတ်ခြင်း၊ ဓားဘေးမှ လွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ တိုက်ပွဲ၌ ခွန်အားကြီးလာကာ တိုင်းတစ်ပါးသားတို့၏ တပ်များကို ချေမှုန်းခြင်း စသည်တို့ကို ပြုကြ၏။
နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်းဖြစ်သည့် မပျက်စီးနိုင်သောအတွင်းစိတ်အလှတရားများဖြင့်သာ အလှဆင်ကြလော့။ ဤအရာသည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးတန်၏။