မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ဧဖက် 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။ Common Language Bible ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။- Judson Bible ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ |
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းကို ယူဆောင်လာတော်မူသောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ကို တစ်မျိုးတည်း ဖြစ်စေပြီး ပိုင်းခြားထားသော ရန်ငြိုးတံတိုင်းကို ဖြိုဖျက်၍
လက်ဝါးကပ်တိုင်တွင် သူတို့၏ ရန်ငြိုးကို အဆုံးသတ်ပြီးလျှင် ထိုလက်ဝါးကပ်တိုင်ဖြင့် လူနှစ်မျိုးကို တစ်မျိုးတည်း ဖြစ်စေလျက် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရန် ဖြစ်၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
ကျွန်ုပ်တို့ကို ဆန့်ကျင်သော စည်းမျဉ်းဥပဒေများပါဝင်သည့် အပြစ်ကြွေးစာရင်းကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ ရိုက်ခြင်းဖြင့် ဖယ်ရှားတော်မူ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီအခြေခံမူနှင့် အဆက်ပြတ်ကြသည်မှန်လျှင် ဤလောက၏ လက်အောက်ခံကဲ့သို့
လူသစ်ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်ကို မှန်ကန်စွာ သိနိုင်ရန် ထိုလူသစ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အစဉ် အသစ်ပြုပြင်မွမ်းမံခံရ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
သင်တို့သည် ကိုယ်ခန္ဓာတစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ခြင်းခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းသည် သင်တို့၏ နှလုံးသား၌ စိုးမိုးပါစေသော။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြလော့။
ထိုယဇ်ပုရောဟိတ်သည် လေဝိအနွယ်မှ ဖြစ်ရမည်ဟူသော ပညတ်တရား၏ စည်းမျဉ်းအရ မဟုတ်ဘဲ မိမိ၏မပျက်စီးနိုင်သောအသက်တန်ခိုးအရ ယဇ်ပုရောဟိတ်ဖြစ်လာ၏။
ဘုရားသခင်သည် ပဋိညာဉ်သစ် ရှိမည်ဟု မိန့်တော်မူသောကြောင့် ပထမပဋိညာဉ်ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်းမခံရတော့သည့်အရာသည် မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။
ထိုတိရစ္ဆာန်တို့၏ သွေးဖြင့် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံတူဖြစ်သည့် တဲတော်ရှိ အရာအားလုံးကို စင်ကြယ်စေရ၏။ သို့ရာတွင် ကောင်းကင်ဘုံ၌ ရှိသောအရာ အစစ်အမှန်တို့ကိုမူ ထိုနည်းထက် ပို၍ မြတ်သောယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်စေရ၏။