ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဧဖက် 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။ Common Language Bible ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။ |
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
ငါသည် အသက်ကို ပြန်လည်ရယူရန် ကိုယ့်အသက်ကို စွန့်သောကြောင့် ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ဤသည်မှာ ခရစ်တော်ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ထိုဝိညာဉ်တော်သည် ဘုရားသခင်၏လူများ ရွေးနုတ်တော်မူခြင်းခံရမည့်ကာလ မရောက်မချင်း ကျွန်ုပ်တို့၏ အမွေအတွက် အာမခံချက်ပေးလျက် စရန်အဖြစ် ရှိတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။