ဟေဗြဲ 8:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ပဋိညာဉ်သစ် ရှိမည်ဟု မိန့်တော်မူသောကြောင့် ပထမပဋိညာဉ်ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်းမခံရတော့သည့်အရာသည် မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။ Common Language Bible ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။ Garrad Bible အ သစ် ဟူ၍ မိန့် တော် မူ သ ဖြင့် ပ ထ မ ပ ဋိ ညာဉ် ကို ဟောင်း စေ တော် မူ ပြီ ဟောင်း နွမ်း သော အ ရာ မှာ ပ ပျောက် လု ပြီ ဖြစ်၏။ Judson Bible ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပထမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။ |
ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
မေတ္တာသည် ခန်းခြောက်သွားခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းမှာမူ ပပျောက်သွားလိမ့်မည်။ အခြားဘာသာစကားကို ပြောခြင်းသည်လည်း ရပ်တန့်သွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားမည် ဖြစ်သော်လည်း ကိုယ်တော်သည် ထာဝရတည်တော်မူလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားလိမ့်မည်။
ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်သည် မိမိလူတို့ကို အပြစ်တင်လျက် မိန့်တော်မူသည်မှာ “အစ္စရေးလူမျိုးနှင့်လည်းကောင်း၊ ယုဒလူမျိုးနှင့်လည်းကောင်း ပဋိညာဉ်သစ်ကို ငါဖွဲ့မည့် အချိန်ရောက်လာမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။