ဟေဗြဲ 8:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible13 အ သစ် ဟူ၍ မိန့် တော် မူ သ ဖြင့် ပ ထ မ ပ ဋိ ညာဉ် ကို ဟောင်း စေ တော် မူ ပြီ ဟောင်း နွမ်း သော အ ရာ မှာ ပ ပျောက် လု ပြီ ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible13 ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပထမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ဘုရားသခင်သည် ပဋိညာဉ်သစ် ရှိမည်ဟု မိန့်တော်မူသောကြောင့် ပထမပဋိညာဉ်ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်းမခံရတော့သည့်အရာသည် မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။