Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 8:13 - Common Language Bible

13 ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ သစ် ဟူ၍ မိန့် တော် မူ သ ဖြင့် ပ ထ မ ပ ဋိ ညာဉ် ကို ဟောင်း စေ တော် မူ ပြီ ဟောင်း နွမ်း သော အ ရာ မှာ ပ ပျောက် လု ပြီ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဟူ၍ မိန့်​တော်​မူ​သည်​တွင် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ဟောင်း​စေ​တော်​မူ၏။ ရွေ့​လျော့၍ ဟောင်း​သော​အ​ရာ​မည်​သည်​ကား၊ ကွယ်​ပျောက်​ခြင်း​သို့ ရောက်​လု​နီး​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ဘုရားသခင်​သည် ပဋိညာဉ်​သစ် ရှိမည်​ဟု မိန့်တော်မူ​သောကြောင့် ပထမ​ပဋိညာဉ်​ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်း​မခံရတော့သည့်​အရာ​သည် မကြာမီ ပျောက်ကွယ်သွား​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 8:13
15 ပူးပေါင်းရင်းမြစ်များ  

မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။


ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''


ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။


မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။-


ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။


ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။-


ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။


သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။


ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။


သို့​ရာ​တွင်​ဘု​ရား​နှင့်​လူ​အ​ကြား​တွင်​သ​ခင် ယေ​ရှု​စီ​စဉ်​ပေး​သည့်​ပ​ဋိ​ညာဉ်​တ​ရား​တော် သည် ပို​၍​ကောင်း​မွန်​သော​အ​ရာ​များ​ဆိုင်​ရာ က​တိ​တော်​များ​အ​ပေါ်​တွင်​အ​ခြေ​ခံ​သ​ဖြင့် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ထက်​ပို​မို​ကောင်း​မြတ် သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​ထမ်း​ဆောင်​ရ​သည့်​ယဇ် ပု​ရော​ဟိတ်​တာ​ဝန်​ဝတ္တ​ရား​များ​သည်​လည်း ထို ယဇ်​ပု​ရော​ဟိတ်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ ထက်​သာ​လွန်​ကြီး​မြတ်​ပေ​သည်။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊ ``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။


ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ